“သား.....ညည့်နက်နေတာ ဘယ်တွေသွားလို့ ကြာနေတာတုန်း”
အပေါက်ဝမှ စောင့်၍မေးလိုက်သော သူ့အမေကြောင့် နဲနဲထိန့်လန့်သွားသည်။
“အာ.....အမေကလည်း စောပါသေးတယ် ဟိုလေ.......သား လိုအပ်တဲ့ပစ္စည်းလေး ထွက်ဝယ်ရင်း သူငယ်ချင်းနဲ့ တွေ့လို့ စကားပြောနေကြတာ”
“အော်.....ဟုတ်ပါပြီ မေမေက သားအပြင်မှာကြာနေလို့ စိတ်ပူလို့ မေးကြည့်တာပါ....”
“ဟုတ်......ဒါနဲ့အမေ နံနက်ဖြန် သားသူငယ်ချင်းတွေနဲ့ ကုသိုလ်တော် ဘုရားသွားမလို့ အဲ့တာမေမေ့ကို အသိပေးတာ.....”
“အေးသွားလေ ဂရုစိုက်သွားဦး”
“ဟုတ်မေမေ အဲ့တာဆို သားအပေါ်တက်တော့မယ်နော်”
အပေါ်ထပ်သို့ ပြေးတက်သွားပြီး အခန်းထဲသို့ဝင်လေသည်။ ဝယ်လာသော ပစ္စည်းများကိုနေရာချကာ ခနအကြာမှာ စာအုပ်ဖတ်လေသည်။ စာအုပ်ဖတ်ပြီး ခနအကြာမှာတော့ အိပပ်ချင်လာပုံပေါ်သည်။ စာအုပ်သိမ်းပြီး အိပ်ပျော်သွားလေသည်။ နံနက်မိုးလင်းတော့ သွားတိုက် မျက်နှာသစ်ပြီး အဝါနုနု ရှပ်အင်္ကျီကိုဝတ်၍ အဝါရောင် ပလေကပ်ပုဆိုးကို ဝတ်ဆင်လေသည်။ ဖိနပ်ဆင်မှ ကတီပါ အမဲရောင်ဖိနပ်ကို ယူစီး၍ အောက်ထပ်သို့ ဆင်းလာလေသည်။ ကားကိုထုတ်၍ သူငယ်ချင်းတွေဆီသွားလေသည်။ လုကအသားဖြူဖြးလေးကိုမှ အဝါနုနုလေးနဲ့ဆိုတော့ ထင်ပေါ်ပြီး ဘယ်လိုတောင်ကြည့်လို့ကောင်းလိုက်မလဲ ဆိုတာ......။
ခနအကြာမှာပဲ သူငယ်ချင်းတွေနဲ့အတူ နံနက်မုန့်ကို အရင်ဝင်စားပြီး နောက်တော့မှ ဘုရားပန်းဝယ်ကာ ကုသိုလ်တော် ဘုရားရင်ပြင်တော်ပေါ်သို့ တက်လေသည်။ အားလုံးပဲ ဘုရားရှစ်ခိုးပြီး ဘုရားပေါ်တွင် လျှောက်ပတ်ပြီး စကားပြောနေကြလေသည်။ သူ့သူငယ်ချင်း စိမ်းလဲ့ရည်ကတော့ ဘုရားပေါ်တွင် မျက်စိကစား(အဆင်ငမ်း)နေလေသည်။ အောင်မင်းခန့်ကတော့ လင်းခန့်နဲ့ သူငယ်ချင်းတွေ ခုမှပြန်တွေ့တော့ ရဲမောစကားပြောနေကြလေသည်။
“မင်းတို့ Garena စားသောက်ဆိုင်ကိုသိလား.....”
“အင်းသိတယ်လေ အဲ့ကအစားအသောက်တွေ အရမ်းကောင်းတာ...”
YOU ARE READING
လရောင်ဖြင့် ရှင်သန်သော နေကြာ [ongoing]
No Ficciónနေကြာပန်းလေးတွေက နေရောင်ခြည်ရှိမှသာ ပွင့်လန်းနိုင်ကြသည်။