လောကကြီးသည်နားလည်ရခက်သည်....
မောင့်ကိုဆိုအမြဲတမ်းအရှုံးပေးတတ်တဲ့အဝေးကိုကြဘာလို့မောင်ကအမြဲအနိုင်လိုချင်နေရတာလဲ....
မောင်ဆိုသည်မှာကျွန်တော်ကြားဖူးသောနွံလေးနှင့်တူသည်.........မောင့်မာယာကျော့ကွင့်မှန်းသိလို့စိတ်ကိုတင်းပြီးနောက်ကိုဆုတ်ပြန်ပါသော်လည်းနွံတွေလိုရုန်းလေနစ်လေဖြစ်နေတာကြောင့်ကျွန်တော်ခုချိန်ထိမောင့်မာယာကျော့ကွင်းထဲမလွတ်မြောက်နိုင်သေးပေ....
တကယ်ပါ...မောင်နဲ့တွေ့မှအချစ်ဆိုတဲ့ဝေါဟာရကိုအဓိပ္ပာယ်မျိုးစုံဖွင့်ဆိုတတ်လာခဲ့တယ်....
မောင့်ရဲ့အဝေးအပေါ်ထားတဲ့အချစ်တွေဟာတစ်ခါတလေဆိုပန်းကလေးတွေလိုနူးညံ့ပျော့ပျောင်းသွားတတ်ပြီးတခါတလေကြတော့လဲကျောက်ခဲတွေလိုအသဲမာသွားပြန်ရော....
မောင့်အချစ်တွေကြောင့်တစ်ခါတလေကြနွေးထွေးရသလိုတခါတလေကြအေးစက်စက်မောင့်အမူအရာတွေကြောင့်အဝေးရင်ထဲပူလောင်ရပြန်ပါသည်...
မောင့်အချစ်တွေကနီးလဲနီးသလိုတခါတလေကြတော့လဲအဝေးအလှမ်းမမှီနိုင်လွန်းလောက်အောင်ဝေးကွာတတ်သည်များလဲရှိ၏....
သကြားခဲလေးတွေလိုချိုမြိန်လှတဲ့မောင့်စကားတွေကတခါတလေကြရင်လဲအလွန်ခါးသက်လွန်းလှတဲ့စကားကြမ်းတွေဖြစ်သွားခဲ့သည်များလဲရှိ၏...
ဒီရေလိုအတက်အကျမြန်တဲ့မောင့်စိတ်တွေကိုမခန့်မှန်းနိုင်တဲ့အဝေးလဲမောင့်အနားမှာသာမောင့်အချစ်ကိုယုံကြည်ကိုးစားရင်းအရာရာကိုနှုတ်ပိတ်အံကြိတ်သီးခံရင်းနေခဲ့ပါသည်....
မောင့်ကျုပ်အပေါ်မေတ္တာနည်းနည်းလေးစွန့်ကြဲပေးတဲ့အခါကျုပ်အတိုင်းမသိဝမ်းသာမိတာမောင်ကတော့ဘယ်သိမလဲ....
နောက်ပြီး....မောင်သူမနဲ့ကလူမြူတဲ့အချိန်တိုင်းကျုပ်ရင်တွေကွဲတာလဲမောင်မသိခဲ့ဘူးမလား....
ဟင်း...တကယ်ဆိုကျုပ်မစဉ်းစားတတ်တော့ဘူးမောင်...ဟန်ဆောင်ကောင်းလွန်းတဲ့ကျုပ်ကြောင့်လားအရာရာဆိုသူမကိုဘဲဉီးစားပေးမြင်တတ်တဲ့မောင့်အမှားကြောင့်လားဆိုတာ....
YOU ARE READING
Love or hate
Любовные романыသိပ်ချစ်လွန်းလို့ပိုင်ဆိုင်ဖို့မောင်ကြိုးစားခဲ့တာကိုအတ္တကြီးတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်အဝေး....တစ်ခုတော့သိထားပါ..အတိတ်ကအဝေးရဲ့အမုန်းကိုခုဘဝမှာသင်ပုန်းချေဖို့မောင်ကြိုးစားမှာမို့မင်းဘက်ကမောင့်ကိုခွင့်လွှတ်ပေးဖို့ပြင်ထားပေးပါအဝေး....ဒါဟာလဲမောင့်အတ္တ...