တာရာဝေး
ဟုတ်ပါတယ်....သူအမြဲပြောသလိုဘဲကျွန်တော်ဟာသူနဲ့ယှဉ်ရင်အရာရာနိမ့်ကျတဲ့သူပါ....ဘယ်အရာနဲ့ယှဉ်ယှဉ်ပေါ့....
သူကမြို့သား...ကျွန်တော်ကတောကတက်လာတဲ့အကောင်...
သူကပညာတတ်ပြီးအလုပ်အတည်တကျရှိချိန်မှာကျွန်တော်ကတော့လေးတန်းတောင်မအောင်သေးဘူး..
သူကသိပ်ကိုချမ်းသာလွန်းလို့တစ်နေ့တစ်နေ့ပိက်ဆံဘယ်လိုထိုင်းဖြုန်းရမလဲတွေးနေချိန်......အဲ့အချိန်မှာကျွန်တော်တို့မှာတော့တစ်ရက်အတွက်ထမင်းတစ်နပ်စားရရေးအတွက်ရုန်းကန်လှုပ်ရှားနေရတယ်...
သူ့ဘဝနဲ့ကျွန်တော့်ဘဝဟာအရာရာကွာခြားလွန်းတာကိုသိပါတယ်...
ဒါပေမဲ့အရာအားလုံးကိုဖယ်လိုက်ပြီးမြင်အောင်ကြည့်မယ်ဆိုရင်တော့သူနဲ့ကျွန်တော်နဲ့ဟာလူလူချင်းတူတူဘဲမဟုတ်လား....
သူ့လိုဘဲကျွန်တော်လည်းစိတ်ဆိုးစိတ်တိုတတ်သလိုချစ်တတ်ပါတယ်...အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီးခံစားတတ်တဲ့နှလုံးသားလဲရှိတယ်မဟုတ်လားဗျ့....
ကျွန်တော့်ဘဝမှာသူ့ကြောင့်ပထမဦးဆုံးအကြိမ်ရင်တွေဝုန်းဒိုင်းကြဲပေါက်ထွက်မတတ်ခုန်ခဲ့ရသလိုထိုသူတစ်ယောက်တည်းကြောင့်ဘဲအသဲပေါက်ကွဲကြွေလုမတတ်အလူးအလဲခံစားခဲ့ရဘူးပါတယ်....
ချစ်တတ်အောင်သင်ပေးခဲ့တဲ့သူဟာတကယ်တမ်းကျွန်တော်ချစ်တတ်လာပြီဆိုမှကျွန်တော့်ကိုသူ့အနားကနေအဝေးကိုနှင်လွှတ်ပြန်တယ်.....
ကျွန်တော့်မျက်နှာကိုမမြင်ချင်ဘူး...ကျွန်တော့်အသံကိုလည်းမကြားချင်တော့တာမို့သူ့ဘဝထဲကထွက်သွားပေးပါတဲ့.....
YOU ARE READING
Love or hate
Storie d'amoreသိပ်ချစ်လွန်းလို့ပိုင်ဆိုင်ဖို့မောင်ကြိုးစားခဲ့တာကိုအတ္တကြီးတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်အဝေး....တစ်ခုတော့သိထားပါ..အတိတ်ကအဝေးရဲ့အမုန်းကိုခုဘဝမှာသင်ပုန်းချေဖို့မောင်ကြိုးစားမှာမို့မင်းဘက်ကမောင့်ကိုခွင့်လွှတ်ပေးဖို့ပြင်ထားပေးပါအဝေး....ဒါဟာလဲမောင့်အတ္တ...