ဘာလိုလိုနဲ့ကျွန်တော့်ခင်ပွန်း..မောင်ဗိုက်ကလေးရဲ့ဗိုက်ကလေးတောင်၅လကျော်ခဲ့ပြီ...
ကိုယ်ဝန်လရင့်လာတာနဲ့အမျှအဝေးနေရမသက်သညလာတာညောင်းတာကိုက်တာလောက်တော့ရှိလာခဲ့ပေမဲ့တခြားတော့ထူးထူးခြားခြားဘာမှမဖြစ်ခဲ့....
သို့ပေမဲ့ခုနောက်ပိုင်းဝေးအစားရွေးပြီးအစားနည်းလာတာကလွဲလို့ပေါ့....
သူကြိုက်ရင်လဲအသားကုန်စားပြီးမစားချင်ဘူးစားချိန်စိတ်မရှိတဲ့အချိန်ဆိုရင်လဲ၃..၄ရက်လောက်ရေသောက်ပြီးနေတဲ့ဝေး....
ဆရာဝန်ကတော့ဘာမှမဖြစ်ဘူးပြောပေမဲ့ကျွန်တော့်မှာတော့ဝေဂရဲ့တနေ့တခြားပိန်လာတဲ့ကိုယ်လေးကြောင့်စိတ်ပူနေခဲ့မိတာတော့အမှန်ပင်....
ခုလည်းဒီနေ့ကလေးအခြေအနေလဲသွားပြရင်းဓာတ်မှန်..ultra soundပါရိုက်မယ်ဆိုတာကိုဂျီကတိုက်နေသေး....မေမြင့်ချော့ပြောမှဘဲကျွန်တော့်ကိုမျက်စောင်းကြီးပြစ်ထိုးကာရေချိုးခန်းထဲဝင်သွားတဲ့သူ....
အဲ..ရေချိုးခန်းဆိုလို့ကလေးဝင်သွားတာ၁၅မိနစ်ကျော်နေပြီ..ပြန်ထွက်မလာသေးဘူး...အင်း...အအေးတော့မိကုန်တော့မှာဘဲ....
'ဝေး....ဝေး...ကလေးလေး.....'
'....ဗျာ....မောင်....'
'ဝေး.....မြန်မြန်ထွက်တော့လေ...အအေးမိမယ်....'
'ဟုတ်..ပြီးပြီ....အဝတ်လဲနေတာ....'
'မောင်ဝတ်ကူရမလား...?'
'ဟင်..အဲ...မ..မလာနဲ့ရတယ်...ဝေးဘာသာဝတ်မယ်....ပြီးတော့မှာ...'
'မောင်ဝင်လာခဲ့လိုက်မယ်နော်ဝေး...'
တားချိန်တောင်မရလိုက်ဘဲမောင်ကရုတ်ချည်းဆိုသလိုအခန်းထဲကိုဝင်လာပါတော့သည်...
ခါးနားကိုမှလာဖက်နဲ့မောင့်ကြောင့်အသဲယားပြီးကြက်သီးထမိတာတော့အမှန်ပင်...
နားနားလေးကပ်ကာဝေးရဲ့နားသယ်မွှေးတွေကြားရိုက်ခတ်လာတဲ့မောင့်ရဲ့'ဝေး'ဆိုတဲ့လေသံခပ်နွေးနွေးကလဲဝေးစိတ်တွေကိုဂယောင်ခြောက်ခြားဖြစ်စေသည်....
'မောင့်ဗိုက်ကလေး....'
'ဟာ..မောင်ရာ..ဘယ်လိုတွေလာခေါ်နေတာလဲ...?လွှတ်ပါ....အဲ့လိုလဲဖက်မထားနဲ့...'
YOU ARE READING
Love or hate
Storie d'amoreသိပ်ချစ်လွန်းလို့ပိုင်ဆိုင်ဖို့မောင်ကြိုးစားခဲ့တာကိုအတ္တကြီးတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်အဝေး....တစ်ခုတော့သိထားပါ..အတိတ်ကအဝေးရဲ့အမုန်းကိုခုဘဝမှာသင်ပုန်းချေဖို့မောင်ကြိုးစားမှာမို့မင်းဘက်ကမောင့်ကိုခွင့်လွှတ်ပေးဖို့ပြင်ထားပေးပါအဝေး....ဒါဟာလဲမောင့်အတ္တ...