'မောင်ရေ....'
'ဗျာ....'
'မောင်ဘယ်မှာလဲဟင်...?'
'မောင်အိမ်သာထဲမှာကလေးလေး....'
'ဝေးလေ.....'
'မဝင်လာနဲ့နော်....ဝေးချော်ကျမယ်....မောင်လာပြီဝေးလေး...'
အခန်းပြင်ကနေဝေးခေါ်သံကြားတာကြောင့်ကျွန်တော်လဲခပ်မြန်မြန်အိမ်သာထဲကနေပြေးထွက်ခဲ့ရတော့သည်...
အပြင်ရောက်တော့ယုန်ပေါက်ကလေးကနှုတ်ခမ်းလေးကိုထော်လို့.....ဘာတွေအလိုမကျသည်မသိ...
'မောင့်!ဟွန့်....'
'ဟော...ဘာဖြစ်ရတာလဲအသဲကလေး....?'
'မောင်ကပြောတယ်ဆို...'
'အင်း....'
'ဝေးဘာပြောရသေးလို့မောင်ကအင်းနေတာလဲ..?ဘာလဲ..ဝေးကိုရွဲ့နေတာလား...?'
'ဟင့်အင်း.....မဟုတ်ပါဘူး....'
'မောင်နော်....ပြောတာသေချာနားထောင်....'
'ဟုတ်...'
'မောင်အဲ့အပြင်ကအဲ့မိန်းမကိုငှားထားတာလား..?'
လက်ညိုးကြီးငေါက်ငေါက်ထိုးကာအပြင်ကဆရာမလေးကိုနံရံကွယ်ပြီးရန်တွေ့နေတဲ့ကျွန်တော့်ရဲ့ဘေဘီပေါက်လေး.....
'မောင့်..'
'ဟိ...'
'ဘာတွေပြုံးနေတာလဲ...?ဝေးပြောတဲ့ထဲရယ်စရာမပါဘူးနော်....'
'ဟဲဟဲ...ဟို.....ဒီတိုင်းဝေးကလေးကချစ်ဖို့ကောင်းလို့....'
'သိတယ်...ကျွန်တော်ချစ်ဖို့ကောင်းမှန်း...ခင်ဗျားပြောစရာမလိုဘူး...'
'အော်..အော်...'
'ခင်ဗျားနော်...အာ..ပြောမဲ့စကားတောင်မေ့သွားပြီ..တိတ်စမ်း...'
'ဟုတ်...'
'အာ..သိပြီ....မောင်အဲ့မိန်းမကိုဘာလုပ်ဖို့ခေါ်ထားတာလဲ..?'
'ဝေးအတွက်လေ...ကလေးနဲ့ဝေးပင်ပန်းမှာစိုးလို့....ဆေးရုံမှာနေတဲ့ခဏdoctorဖြူ့ကိုခေါ်လိုက်တာ...doctorကလဲစေတနာနဲ့လာပြုစုပေးတာလေဝေးရဲ့...သားလေးကိုချစ်လို့တဲ့...'
'ဟက်...ဟုတ်မှလဲလုပ်ပါမောင်ရယ်.....သားလေးကိုချစ်တာလား....?ဒါမှမဟုတ်တခြားတစ်ယောက်ကိုများ...အဟင်း...'
YOU ARE READING
Love or hate
Romanceသိပ်ချစ်လွန်းလို့ပိုင်ဆိုင်ဖို့မောင်ကြိုးစားခဲ့တာကိုအတ္တကြီးတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်အဝေး....တစ်ခုတော့သိထားပါ..အတိတ်ကအဝေးရဲ့အမုန်းကိုခုဘဝမှာသင်ပုန်းချေဖို့မောင်ကြိုးစားမှာမို့မင်းဘက်ကမောင့်ကိုခွင့်လွှတ်ပေးဖို့ပြင်ထားပေးပါအဝေး....ဒါဟာလဲမောင့်အတ္တ...