ထူထပ်သိပ်သည်းသည့် ဆိုးလ်မြို့လယ်ခေါင်လမ်းမများအားသူဖြတ်ကျော်ပြီး ခပ်နွမ်းနွမ်းဖြစ်နေပြီဖြစ်သည့်သုံးထပ်မြင့် အဆောက်အုံဟောင်းလေးရဲ့ အရိပ်အောက်ဝယ် ခိုလှုံလိုက်သည် ထိုနောက်သူ့ခြေလှမ်းများဟာ လှေကားထစ်များဆီသို့ဦးတည်လိုက်သည် မီးရောင်မှိန်ပြပြဖြစ်နေသည့်အခန်းများအတွင်း မိသားစု သို့တည်းမဟုတ် လူပုဂ္ဂိုလ်တဦးတယောက်တို့ ရှိနှင့်လေလိမ်မည် မှာအမှန် အခန်းငယ် တခုရှေ့ရောက်သော် သူသက်ပြင်းတစ်ချက်ရှိုက်ကာ လေးပင်စွာ လက်လှမ်းလိုက်သည် ထိုနောက်အခန်းငယ်လေးဟာ သူစေရာအတိုင်းပွင့်ဟသွားသည် သူစတင်ခံစားရသည်က လူမနေတာကြာသည်မို့ ဟောင်းနွမ်းသည့်အသွင်စောင်သည့်ဖုန်ရနံ့သင်းသင်းကို ခံစားလိုက်ရသည် တဆက်တည်းတချိန်က အငွေ့အသက်တို့ကိုလည်း လှိုက်ဖိုစွာခံယူမိသည် သူခြေလှမ်းတို့အခန်းငယ်လေးထံလှမ်းမိသည် သူအခန်းတံခါးအား ဂျက်ကနဲမည်အောင်ပိတ်ချလိုက်သည် အခန်းငယ်လေးကတော့ မှောင်ရိပ်ကျနေဆဲ နဂိုကတည်းအလွတ်ရနေပြီးဖြစ်သော နံရံတခုအား သူလက်ဖြင့်စမ်းလိုက်သည်
"ချပ်!"
ဆိုသည့်မြည်သံနှင့်အတူအခန်းငယ်လေးအတွင်း မှိန်ပြပြမီးရောင်လေးတောက်ပလာသည် တချိန်က လူနှစ်ယောက်ရဲ့ရယ်မောကာတောက်ပသည့်အပြုံးများရှိခဲ့ဖူးသည် ထိုပုံရိပ်များသူ့ခေါင်းထဲဝယ်တရိပ်ရိပ်ပျံ့လွင့်လျက် အခန်းငယ်လေးရဲ့ထောင့်တနေရာဝယ် လသာဆောင်သဖွယ်ပြတင်းလေးတခု သူထိုပြတင်းလေးရှိရာဆီဦးတည်ရင်း ညအလှကို ခံစားလိုက်သည် တောက်ပနေသည့်လမင်း ဘေးမှတော့ ကြယ်ရောင်များပျောက်ရှလျက် သူထိုမြင်ကွင်းကိုတမေ့တမောငေးကြည့်နေမိသည် တချိန်က သူထိုမြင်ကွင်းအား ငေးကြည့်လျက်ရှိသော နွေးထွေးသည့်လက်တစုံဖြင့် သူ့အားထွေးပိုက်ထားတတ်သော မောင့် အားတမ်းတမိပြန်သည် မောင်ဆိုသည်မှာ သူ့ထက်ပင် နှစ်နှစ်ကြီးသည့်သို့သော် သူကတော့ အမြတ်တနိုးဖြင့်မောင်ဟုသာခေါ်တတ်သည် ဒီအခန်းငယ်လေးထဲမှာ မောင်နှင့်သူ၏ ပျော်ရွှင်ခြင်းအမှတ်တရတို့ ကိန်းအောင်းလျက်ရှိသည် မောင့် ကိုယ်သင်းနံ့လေးအားလဲကိန်းအောင်းလျက်ရှိသည် အပြီးတိုင်ပြန်မဆုံရတော့မည့်သူနှဦးလို မောင်နှင့် သူဆက်ဆံရေးဟာ ပြတ်တောက်ပြီး ဖြစ်သော် ကာလကြရှည်စွာ သူဒီအဆောက်အအုံဟောင်းလေးရဲ့ အခန်းငယ်လေးဆီဦးမတည်ခဲ့သည်မှာနှစ်လတို့ဘယ်မျှလောက်တောင်ကြာရှည်ခဲ့မည်သူမသိပါ လူသတ်သမားတယောက်ဟာ သူကျူးလွန်ခဲ့သည့် အမှု့ဖြစ်ရာနေရာအားထပ်ဖန်တလဲလဲကြည့်ဖို့ရာ သတ္တိတို့ကင်းမဲ့သလို သူဟာလဲ သူနှလုံးသားလေးကြကွဲရာ ၏နေရာအား မလာမိသည်မှာ မမှားလေဘူးမလား မောင် မောင်ရော ဒီနေရာလေးကို ဒီနှစ်အတွင်း ယောင်မှားကာ လာခဲ့လေမလားအထူးသဖြင့် သူ့အားသတိရခဲ့မိပါလျှင်လေ ...
YOU ARE READING
တချိန်က
Fanfictionတချိန်က ~~~~ နွေးထွေးသောသူ့ရင်ခွင်ဝယ်ခိုလှုံဖူးသည် နူညံ့ညင်သာသောသူ့အနမ်းများအားလည်းခံယူခဲ့ဖူးသည် အင်းတချိန်က~~ တယောက်နဲ့တယောက် မရှိလျှင်မဖြစ်အောင်လိုအပ်ခဲ့ကြသည် တချိန်ကအမှတ်တရလှလှတို့ဟာခုတော့~~~