မောင်နေမကောင်းသည့်နေမှစ၍သူမောင့်အား အားငယ်မည်ဆိုးသောကြောင့် နေတိုင်းအဖော်ပြုနေပေးဖြစ်သည် တဖြည်းဖြည်းမောင့်ရဲ့ ဂျစ်ကန်ကန်အပြုအမူ ခေါင်းမာတတ်သည့်အကျင့်တို့အားသူရိပ်စားမိလာသည် အထူးသဖြင့် မောင့်ကိုဆေးတိုက်သည့်အချိန်မျိုးဆိုလျှင် မောင်ဟာခေါင်းအမာဆုံးဖြစ်လိမ့်မည် မောင်ဟာစာတော်သည်သာပြောတာ စာလဲသိပ်ကြည့်ပုံမပေါ် မဟုတ်သူ့ကြောင့်များလား သူနှင့်အတူရှိသည့်အခါတိုင်းမောင်ဟာသူ့အားအမြဲကပ်တွယ်နေတတ်သည် သူပြောလျှင်လဲ"မောင်က အေးဆေးပါ" ဆိုသည့်စကားဖြင့်သာတုံ့ပြန်တတ်သည်
"မောင် "
"ဗျားး.."
"မောင်တို့အတန်းက အကိုကြီးကပြောတယ်မောင်တို့ စာတန်းတွေတင်ဖို့အချိန်နီးနေပြီဆို"
သူမောင့်အခန်းသို့ရောက်တော့ မောင်ကတိုက်ခန်းကျဥ်းလေး၌တပေါက်ထဲသာရှိသော ပြတင်းပေါက်ဝယ်မက်တပ်ရပ်လျက် ဆေးလိပ်တခုအားဖွာရှိုက်နေသည် သူမောင့်နောက်ပါးဆီမှမောင့်ကျောပြင်ကျယ်အားဖက်တွယ်ရင်းပြောလိုက်သည် မောင်ဆေးလိပ်သောက်တာကိုသဘောမကျပေမဲ့ သူဘာမှမပြောမိ လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုတာရှိသည် မောင့်ရဲ့လွတ်လပ်ခွင့်အား သူနှောက်ယှက်မည်မဟုတ်ပေ
"ဟုတ်တယ်လေ ဘာလို့လဲ ဂျွန်ရဲ့"
မောင်ကတော့ သိပ်အရေးမပါဟန်ဖြင့်ပြောသည် ဒါမောင့်အကျင့်ပင်စာနှင့်ပတ်သက်လျှင်မောင့်ပုံစံက အမြဲသွေးအေးဟန်ရှိသည်
"မောင်စာမလုပ်ဖူးလား.."
"လုပ်မှာပေါ့ဂျွန်ရဲ့မောင်ကအေးဆေးပါ စိတ်မပူနဲ့"
"မောင်နော် ပြောရင်အဲ့တိုင်းပဲ ပေါ့ပျက်ပျက်နဲ့ "
သူမောင့်အားငြူစူဟန်ပြောတော့မောင်က သူစိတ်ဆိုးသွားသည်အထင်ဖြင့်မောင့်အားဖက်တွယ်ထားသောသူ့အား ရင်ခွင်ထဲသို့အံဝင်ခွံကျဖြစ်စေရန်မောင်က သူ့ထံမျက်နှာမူလာသည်
"ဂျွန် ဂျွန့်ရဲ့ မောင်ကမာစတာဘရိန်းပါ ဘာတွေးတွေးပြီးစိတ်ပူနေလဲဟမ် "
YOU ARE READING
တချိန်က
Fanfictionတချိန်က ~~~~ နွေးထွေးသောသူ့ရင်ခွင်ဝယ်ခိုလှုံဖူးသည် နူညံ့ညင်သာသောသူ့အနမ်းများအားလည်းခံယူခဲ့ဖူးသည် အင်းတချိန်က~~ တယောက်နဲ့တယောက် မရှိလျှင်မဖြစ်အောင်လိုအပ်ခဲ့ကြသည် တချိန်ကအမှတ်တရလှလှတို့ဟာခုတော့~~~