"မောင် ~~~"
ကျောင်းရှေ့မှ ကော်ဖီဆိုင်လေးအတွင်း သူမောင့်လက်သွယ်တို့အား တို့ထိကာဆော့ကစားရင်းမောင့်ရင်ခွင်ထဲဝယ်မှီတွယ်လျက်ခေါ်လိုက်သည်
"ဗျား ဂျွန်ဘာပြောမလို့လဲ ..."
လိမ္မာလိုက်သည့်မောင် ဗျား တဲ့ဗျာ
"မောင့်ကို ကျနော်မေးချင်တာရှိတယ် .."
"ဘာမေးမှာလဲ ဂျွန်က .."
မောင်က တို့ထိကာဆော့ကစားနေသည့် သူ့လက်တို့အား ဆုပ်ကိုင်ရင်းပြောသည်
"ဒီမယ် ကင်မ်ထယ်ယောင်းရှီးး ဘာမေးမှာလဲ ဟုတ်လား "
မောင့်ရင်ခွင်ထဲမှထွက်ကာ သူမျက်စောင်းတချက်ထိုးလျက်ဆိုလိုက်သည် ပြောပုံကဘာမေးမှာလဲတဲ့ ဟွန်းတကယ်ဆို ကျနော်ဘာမေးမေး ဖြေဖို့ကမောင့်တာဝန်ပဲဟာထပ်ပြီးမေးခွန်းထုပ်နေစရာလိုပါရဲ့လား
သူမျက်စောင်းထိုးလိုက်တော့ မောင်ကပြာပြာသလဲဖြင့်
"ဂျွန် ကိုဘာအပြစ်လုပ်မိလို့လဲကွာ"
"မောင်ကျနော့်ကိုမေးခွန်းပြန်ထုပ်တယ်လေ ဘာလဲမောင်က ဖြေလို့ရမယ့်မေးခွန်းမှဖြေမယ်လို့ ဆုံးဖြတ်ထားတာလား ဟမ်"
သူထိုသို့ပြောတော့ မောင်ကသူ့ပုခုံးအားဆုပ်ကိုင်ကာ ပြုံးလျက်
"ဟောဗျာ မဟုတ်ရပါဘူးကိုက ဒီလိုပဲပြောတတ်လို့ကို ဂျွန်က သိပ်အဖြစ်သည်းတာပဲ မောင့်စကားကိုအထနကောက်တယ် "
"သည်းသည်းပဲဘာဖြစ်ချင်လဲ ဟမ် ."
"ဖြစ်ချင်တာကတော့ ချစ်ချင်တာပေါ့ဗျာ"
မောင်က သူတို့နှယောက်ကြားအကွာအဝေးအားနီးစပ်ရန်သူ့အားဆွဲလိုက်သည်
မောင့်မျက်နှာနှင့်သူ့မျက်နှာအားထိလုမတတ်နီးစပ်နေပြီးမောင့် အသက်ရူငွေ့နွေးနွေးကိုပင်ခံစားမိသည်ထိ ခုရောက်နေသည့်နေရာမှာဘယ်နေရာဆိုတာမောင့်မေ့လျော့နေသည်လား"မောင်လွှတ်ဗျာ တခြားသူတွေမြင်ကုန်မယ် .."
"ဘာဖြစ်လဲ ကို့အချစ်လေးကို ချစ်တာဘယ်သူ့များဂရုစိုက်ရမလဲ မြင်ပါလေ့စေ "
YOU ARE READING
တချိန်က
Fanfictionတချိန်က ~~~~ နွေးထွေးသောသူ့ရင်ခွင်ဝယ်ခိုလှုံဖူးသည် နူညံ့ညင်သာသောသူ့အနမ်းများအားလည်းခံယူခဲ့ဖူးသည် အင်းတချိန်က~~ တယောက်နဲ့တယောက် မရှိလျှင်မဖြစ်အောင်လိုအပ်ခဲ့ကြသည် တချိန်ကအမှတ်တရလှလှတို့ဟာခုတော့~~~