နယ်သို့ပြန်ရောက်တော့ ငါတနေ့မှမပျော်ခဲ့ပါဘူးမောင် ~~
မောင်ကိုသတိရစိတ်တွေများကြောင့်လားမဟုတ် မောင်ပြောခဲ့သည့် "မောင့်ကိုနေ့တိုင်းလွမ်းနေရမယ်"ဆိုသော မောင့်အမှာစကားလေးအပေါ် ငါအမိန့်နာခံနေမိရောလားကွယ် ~~ငါနဲ့မောင်အကြည့်ခြင်းစုံမိတိုင်း တစ်ဖက်သို့လှည့်သွားတတ်ပြီး ရှက်ပြုံးပြုံးနေတတ်သည့်မောင့်အမူယာလေးကိုလွမ်းသည် မောင့်ရဲ့စူးရှရှမျက်ဝန်းတစုံကိုလဲလွမ်းသည် နောက်ဆုံးပွေ့ဖက်ခဲ့သည့် မောင်ရင်ငွေ့နွေးနွေးကိုလွမ်းသည် မောင့် နှုပ်ခမ်းထူထူလေး၏အထိတွေ့လေးကိုလဲလွမ်းသည် ။
အို မောင်ရယ် ငါမောင်နဲ့ပတ်သက်သမျှအရာအားလုံးကို လွမ်းမိနေပါရဲ့မောင် မောင်ရော ငါ့ကိုလွမ်းနေပါ့မလားကွယ်
မောင့်ကိုလွမ်းစိတ်ကြောင့် ဒီကျောင်းပိတ်ရက်ရှည်အတွင်း ဘယ်အရာကိုမှအာရုံစိုက်လို့မရပါလေ မေမေကတောင်ပြောနေသည် ငါ့ကို ရီးစားပူများမိလာသလားတဲ့လေ ငါမေမေ့ကိုဘာမှပြန်မပြောမိ တကယ်လဲငါချစ်တဲ့မောင့် ကို လွမ်းနေခဲ့ရသည်
YOU ARE READING
တချိန်က
Fiksi Penggemarတချိန်က ~~~~ နွေးထွေးသောသူ့ရင်ခွင်ဝယ်ခိုလှုံဖူးသည် နူညံ့ညင်သာသောသူ့အနမ်းများအားလည်းခံယူခဲ့ဖူးသည် အင်းတချိန်က~~ တယောက်နဲ့တယောက် မရှိလျှင်မဖြစ်အောင်လိုအပ်ခဲ့ကြသည် တချိန်ကအမှတ်တရလှလှတို့ဟာခုတော့~~~