သူဒီနေ့မောင့်ရဲ့ရူပ်ပွနေတဲ့အခန်းလေးအား ရှင်းပေးဖြစ်သည် မောင့် အိပ်ယာအောက်မှတစွန်းတစထွက်နေသော ဓာတ်ပုံလေးတပုံ စိတ်ဝင်စားမိတာမျိုးမဟုတ်ပေမဲ့ မောင့် အိပ်ယာအောက်မယ်ရှိနေတာဆိုတော့ သူထုတ်ကြည့်မိသည် သူမြင်ရသည့် ပုံမှာအနည်းငယ်ဟောင်းနွမ်းနေသည်ကြောင့် ဆေးသားတချို့ပျက်ကာ ပုံရိပ်တခုမှာမပီပြင်ရှိလေသည် သို့သော် ထိုထဲမှပုံရိပ်ငယ်လေးသည် အမျိုးသမီးငယ်လေးတယောက်၏ပုံရိပ်ဖြစ်ပုံပေါ်လိမ့်မည် သူပုံလေးအားသေချာကြည့်နေတုံး မောင်က ရေချိုးထားသည်မို့ အောက်ပိုင်းကိုတဘက်ထထည်ဖြင့်သာပတ်ထားပြီး သူ့အားပြုံးလျက်ကြည့်နေသေးသည်
"မောင် ဒီဓာတ်ပုံက.."
သူဓာတ်ပုံလေးအား မောင်မြင်စေရန် ထောင်ပြယုံရှိသေး မောင်က သူ့လက်ထဲမှထိုပုံလေးအားအမြန်ပင်ဆွဲယူလိုက်သည်
"ဒါဘယ်လိုတွေ့တာလဲဂျွန် .."
မူမမှန်သည့်ပုံဖြင့်မောင်ကသူ့အားကြည့်ရင်းဆိုသည်ဒီပုံလေးကမောင့်အားခုလိုဖြစ်စေဖို့တောင်စွမ်းစေသည်လား
"ဟို မောင့် အိပ်ယာအောက်ကပါ ကျနော်မရည်ရွယ်ပါဘူးနော်"
"ရပါတယ် ."
မောင်ကထိုသို့ပြောရင်း ပြတင်းပေါက်ဆီဖြေးညှင်းစွာလျှောက်သွားသည်သူ့မောင့်အားနားလည်ရန်ခက်စွာပဲကြည့်နေမိသည်
"မောင်~~"
သူမောင့်အခန်းအားရှင်းပြီးသည်ထိတောင် မောင်ဟာထိုနေရာမှာပဲရပ်နေခဲ့သည် အပြင်ဘက်ကို အဓိပ္ပာယ်မဲ့စွာငေးကြည့်နေပြန်သည် သူမောင့်ကျောပြင်ကျယ်အားအနောက်မှသိုင်းဖက်လိုက်သည် မောင့်ရဲ့သက်ပြင်းချသံရဲ့ရဲ့ကိုသူကြားမိပါသည်
"မောင် ဘာတွေစိတ်မောစရာရှိလို့လဲဟင် ကျနော့်ကိုပြောပြလို့ရပါတယ် "
"မောင်ဘာမှမဖြစ်ပါဘူးဂျွန်ရဲ့"
"အင်းပါ မောင်သက်ပြင်းတွေချနေတာကျနော်ကြားပါတယ်နော်"
သူနှုပ်ခမ်းဆူကာပြောတော့မောင်ကသူ့ဘက်သို့လှည့်လာသည်
"ဒီနှုပ်ခမ်းလေးကဆူနေပြန်ပြီကွာ အပြစ်ပေးမှပဲ"
YOU ARE READING
တချိန်က
Fanficတချိန်က ~~~~ နွေးထွေးသောသူ့ရင်ခွင်ဝယ်ခိုလှုံဖူးသည် နူညံ့ညင်သာသောသူ့အနမ်းများအားလည်းခံယူခဲ့ဖူးသည် အင်းတချိန်က~~ တယောက်နဲ့တယောက် မရှိလျှင်မဖြစ်အောင်လိုအပ်ခဲ့ကြသည် တချိန်ကအမှတ်တရလှလှတို့ဟာခုတော့~~~