*သာယာတဲ့ နေရောင်အောက်မှာ ရပ်နေတဲ့ကောင်လေး ပတ်ဝန်းကျင်မှာ ကလေးတွေပျော်မြူးစွာ ကစားနေကြပေမဲ့ ထိုကလေးငယ်မပါ။သိုသူ၏မျက်နှာ၌ စိုးရိမ်ကြောက်လန့်မှုများ မတွေ့ရသောငှားလည်း တစ်စုံတစ်ယောက်အား အပြင်းအထန်ရှာနေပုံ ထိုကလေးရှာနေသူက မည်သူမှမဟုတ်ပါ ထိုကလေး၏ မိဘများသာဖြစ်သည်*
လွန်ခဲ့သော တစ်နာရီခန့်က
"ကလေးကို ဒီမှာထားခဲ့မို့ပါ"
"အကြောင်းအရင်းလေးတစ်ချက်ပြောပြပါလား"
"ကျွန်တော်တို့မိသားစုက ဆင်းရဲတာကြောင့် ကလေးစားဖို့သောက်ဖို့မပြောပါနဲ့ ကျွန်တော်တို့အချင်းချင်းတောင် စားဖို့အနိုင်နိုင်ပါ အကယ်၍ ကျွန်တော်တို့နဲ့ အတူတူဆက်ထားရင် ကလေး ရှေ့ရေးအတွက်စိုးရိမ်လို့ပါ"
"ဟုတ်ပါပြီ ဖောင်ဖြည့်ပေးပါ"
"ဟုတ်ကဲ့ပါဆရာမ"
ဖောင်ဖြည့်ပြီးသောအခါ
"ကလေးကိုထားခဲ့လို့ရပါပြီ"
"သားရေ မေမေတို့ သားအတွက်မုန့်သွားဝယ်မို့ ဒီမှာနေခဲ့နော်"
အစကတည်းက လိမ္မာယဉ်ကျေးတဲ့ ကလေးငယ်ဟာ ခေါင်းငြိမ့်ပြခဲ့ပါတယ်
ထို့သို့ ထွက်သွားပြီးသည့်အချိန်မှစ၍ နောက်တစ်နာရီ ကြာသည်ထိ သူ၏မိဘနှစ်ပါလုံး ပြန်မရောက်လာကြပေ။
"သားရေ အန်တီနောက်လိုက်ခဲ့"
"ဟုတ်ကဲ့"
မသိသော်ငှားလည်း လိုက်ခဲ့လိုက်သည်။
"သားနေရမဲ့ အခန်းပဲ Daeulရေ လာပါဦး အခန်းဖော်ကိုလာနှုတ်ဆက်လိုက်ဦး အန်တီသွားပြီနော်
သားဝင်သွားလိုက်"သူ၏ခြေထောက်များအခန်းထဲ ဝင်သည်နှင့် လက်တစ်ဖက်ကမ်းထားတဲ့ ပိုးနက်ရောင် ဆံသားဟာ ကျောပြင်နီးပါရှိပြီး အသားဖြူဖွေးတဲ့ ကောင်မလေးက သူကိုပြုံးပြပြီး
"အာညော် ငါက Daeulပါ နင့်အခန်းဖော်ပေါ့"
" အာညော် Sunghoonပါ "
"ဘဝတူတွေဆိုတော့ အချင်းချင်းရိုင်းပင်းကူညီရတာပေါ့"
"ဘဝတူ?"