💠💛💜💠

217 23 2
                                    

💠💛💜💠

ဘယ်ချိန်ထိ ဆက်အိပ်နေအုန်းမှာလဲ

............ ( မောင်ထင်တာ ပြန်မနိုးလာတော့တဲ့အချိန်ထိ ထင်တယ် အချစ်)
မောင်
ငါ့ကိုပဲ အဝေးတွန်းထုတ်ဖို့ အမြဲစဥ်းစားမိတာလား

......... ( အနားမှာပဲ ထားချင်တာပါ ဒါမယ့် မတတ်နိုင်ခဲ့ဘူး )

မောင် ငါ လမ်းပျောက်နေပီ

........ ( မောင်လည်း လမ်းပျောက်နေတယ်)

မောင် ငါငိုနေတယ်

....... ( မောင်လည်းငိုနေတာပါ အချစ်ရယ်)

မောင် ငါတို့ မဖြစ်နိုင်တော့ဘူးလား

...... (မောင်အိပ်ပါရစေအုံး)

မောင်

......( အချစ်သာအဝေးထွက်မသွားပါနဲ့။ မောင့်ကို စောင့်နေပေးပါအုန်း။ မောင်ပြန်နိုးလာတဲ့အချိန်ထိလေ။ အချစ်သာ အဝေးထွက်သွားရင် မောင်သေမှာ)

လက်တွဲမဖြုတ်ဘူးနော်မောင်။ ​မောင့်ဘက်က ဘယ်လောက်ပဲ တွန်းထုတ်ထုတ် ငါကအမိအရဆုပ်ကိုင်ထားမှာ။

.......( မောင့်လက်ကို ဆုပ်ကိုင်ထားပေးပါ။ မလွတ်လိုက်နဲ့ )

ဒုန်းဆိုတဲ့ အသံနဲ့အတူ ပြတ်ကျသွားတဲ့ ဆက်သွယ်ရေးလိုင်းလေး။
မျက်ရီစီးကြောင်းလေးတစ်ကြောင်းနဲ့ အတူ ဆေးရုံကုတင်ထက်က လူသားလေးဟာ ငြိမ်သက်သွားခဲ့သည်။
စက်ပေါ်က တန်းသွားတဲ့ မျဥ်းကြောင်းလေးဟာ ပြန်ခေါ်လို့မရတော့ဘူးဆိုတာ အတည်ပြုလိုက်တဲ့ သက်သေတစ်ခု။

၁၀ လပိုင်း ၅ ရက် နံနက် ၈ နာရီ ၁၃ မိနစ် ကွယ်လွန်အနိစ္စရောက်ရှိ

ဖြူလွလွအပိုင်းတစ်ခုဟာ တကိုယ်လုံးအနှံ့လွမ်းခြုံခံလိုက်ရပီး အခန်းထဲကနေ ကုတင်လိုက် ဆွဲထုတ်သွားတော့သည်။

တနေရာအရောက် ဆက်ဆွဲလို့မရတော့တဲ့ ကုတင်လေးက တစ်ခုခုနဲ့ ငြိနေသလို။
ဟုတ်ပါရဲ့ ငြိနေခဲ့တာ။ ချစ်သူနှစ်ယောက်ရဲ့ လက်တွေက ဆွဲခွာလို့မရတော့အောင်ကို ပူးကပ်ဆုပ်ကိုင်ထားတာ။ ဘယ်လိုပဲဆွဲခွာခွာ မပြုတ်တဲ့ လက်နှစ်ဖက်ဟာ ခိုင်မြဲလိုက်လေခြင်း။

လွတ်ပေးလိုက်ပါတော့
သူအသက်ရှင်ရအုံးမှာလေ

ပြေလျှော့သွားပေမယ့် တဖက်ကလည်း အလွတ်မပေးတော့ ဘေးကလူတွေ အခက်တွေ့ရပြန်တယ်။

ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့လက်တွေက လွတ်ပေးမှာမဟုတ်ကြောင်း သက်သေပြနေသည်။ အသိစိတ်တွေ ရှိမနေပေမယ့် မသိစိတ်တွေကပါ ဆွဲထားချင်နေခဲ့သည့်အဖြစ်မှန်။

အတ္တကြီးလိုက်ကျတာ

ဖြူလွလွအပိုင်းလေးဟာ ထပ်ပီးလွမ်းခြုံခံလိုက်ရပြန်သည်။

လက်တွဲမဖြုတ်ဘူးနော်မောင်~

မောင့်လက်ကို မလွတ်လိုက်နဲ့~

One shotWhere stories live. Discover now