Christmas

807 67 1
                                    

Christmas တွေကို ကို မုန်းချင်လာပီမောင်ရေ

ကို့ရဲ့ မောင်အနေနဲ့ ဘယ်တော့ ပြန်လာမှာလဲမောင်ရယ်

ကို အရမ်းပင်ပန်းနေပီ အဆုံးသတ်လိုက်ချင်ပီမောင်

ဒီနေ့ဆိုရင် ၅ နစ်ရှိပီ ၅ နစ်တောင်ရှိပီမောင်ရေ
မောင်ထွက်သွားတာ ၅ နစ်တောင်ရှိခဲ့ပီ

ကိုတို့တွေကလေ အဆုံးသတ်မရှိတဲ့ ဇာတ်လမ်းတပုဒ်ကိုထိုင်ဖတ်နေရသလိုပဲ

မောင် ပြန်လာမှ ကို့ရဲ့ ဇာတ်လမ်းဟာလည်းအဆုံးသတ်သွားမယ်ထင်တယ်

25.12.2021

မနက် ၈ နာရီနေရောင်ခြည်ကြောင့် ဆက်အိပ်ချင်ပေမယ့် ဆက်အိပ်လို့မရတော့

ချီးပဲ သောက်ရေးထဲ အိပ်ချင်ပါတယ်ဆို မအိပ်ရဘူး

အိပ်ရာက ထတာနဲ့ လူက မျက်နာသစ်ချင်စိတ်လည်းမရှိ အမှန်တိုင်းပြောရရင် အသက်ရှူချင်စိတ်တောင်မရှိ ဒါပေမယ့်လည်း နိုးထလာရတဲ့ မနက်ခင်းတိုင်းအတွက် အသက်ရှင်ရအုံးမှာပဲလေ အိပ်ယာကထလိုက်ပီး ဝရံတာဖက်ထွက်ကာ ဆေးလိပ်ကိုသာ ခပ်ပြင်းပြင်း ရှိုက်သွင်းလိုက်ပီး ဆေးလိပ်ငွေ့တွေကို အကြမ်းပတမ်း မှုတ်ထုတ်လိုက်သည် ဆေးလိပ်တလိပ် ကုန်တော့မှ အခန်းထဲပြန်ဝင်လာပီး ကုမ္ပဏီသွားဖို့ပြင်ဆင်ရသည် မောင်မရှိတော့တဲ့ နောက်ပိုင်း ဒီအိမ်ဟာလည်း အမြဲတိတ်ဆိပ် ခြောက်ကပ်နေသလို ကျတော့ဘဝကလည်း တိတ်ဆိပ် ခြောက်ကပ် ခြင်းသာရှိသည် ရေချိုးခန်းထဲက မှန်ကိုကြည့်လိုက်တော့ ဖြီးသင်ထားခြင်းမရှိတဲ့ ဆံပင်ဘုတ်သိုက် နခမ်းမွေး ဗလာပွနဲ့သူကို နင်ဘယ်သူလဲလို့ မေးရလောက်တဲ့အထိ မမှတ်မိချင်တော့

ဟူးးးးးတော်တော်လေး ကွဲပြားသွားတာပဲ

တီ တီ တီ(ဖုန်းသံလို့ပဲ သတ်မှတ်ပေးနော်)

Hello jimin

inn ပြော ထယ်

ငါလေဆိပ်မှာ လာကြိုပေးပါလား

အင်း

ခုနော် jimin

inn

ဒါနဲ့အားရဲ့လား

inn

မင်း inn ကလွဲပီး ကျန်တာမပြောတတ်တော့ဘူးလား

One shotDonde viven las historias. Descúbrelo ahora