Red Spider Lily

640 39 1
                                    

မိုးရေတွေထဲ တစ်ယောက်တည်း လမ်းလျောက်နေမိတယ်။ ဒီလိုမိုးရေတွေထဲ လမ်းလျောက်ရတာ ကြိုက်တယ်၊ ဒါပေမယ့် ခုတစ်ခေါက်ကတော့ ငိုနေမိတယ်။ ဘာကြောင့်လဲ၊ ဘာအကြောင်းအရင်းတွေကြောင့်ငိုနေမိခဲ့လဲ ကျတော်မသိချင်တော့ဘူး။ ကျတော့ခြေထောက်တွေက သစ္စာဖောက်လာတယ်။ လမ်းဆက်လျောက်လို့မရတော့အောင်ကို လေးတွဲလာတယ်။ ထိုင်ချဖို့ကြိုးစားပေမယ့် တစ်စုံတစ်ခုကတော့ မထိုင်ချဖို့တောင်းဆိုနေသလို စိတ်ထဲမှာလည်း တင်းကျပ်ကျပ်နဲ့မို့ ခေါင်းထဲမှာ အတွေးဆိုတာလည်း မရှိသလို အသိစိတ်ကလည်းမကပ်နိင်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိ ။

အချိန်အားဖြင့် ည၉နာရီ လူခြေတိတ်ချိန် မိုးတွေသဲကြီးမဲကြီးရွှာချနေတယ်။ လောကကြီးက ဓာတ်မီးတိုင်ရဲ့ အလင်းရောင်နဲ့ လင်းလင်းရှင်းရှင်းမဟုတ်ပေမယ့် သွား​လာရအဆင်ပြေစေတဲ့ အလင်းရောင်မျိုးမှာ မိုးသံလေသံကလွှဲရင် အကုန်တိတ်ဆိတ်လို့ ။

တချိန်တုန်းက ဒီမှိန်ပြပြမီးအလင်းရောင်အောက်မှာ မိုးရွှာထားလို့ ရေအိုင်သေးသေးလေးတွေ တွေ့တဲ့အခါ ရေအိုင်လေးတွေနင်းရင်း ကြည်စားခဲ့ဖူးတယ်နော်။ အဲအချိန်တုန်းက အရမ်းပျော်ခဲ့ရတာ ခုများတော့~

ကိုနဲ့ မင်းက red spider lily ပန်းနဲ့တူတယ်သိလား။ ဒီပန်းလေးကလေ အရွက်နဲ့အပွင့်ဘယ်တော့မှ မဆုံကျဘူးတဲ့။ အပွင့်ပွင့်လာတာနဲ့ အရွက်ဟာ အလိုလိုကြွေပေးရတယ်။
park jimin ဆိုတဲ့ ခများလေးက လည်း ဒီလိုပဲ။ jone jungkook ဆိုတဲ့လူသားထွက်ပေါ်လာတာနဲ့ park jimin ဆိုတဲ့ခများလေးကလည်း ပျောက်ကွယ်သွားတယ် ။

အရွက်နဲ့အပွင့်က အဆုံးမှာ ဆုံစည်းခွင့်မရခဲ့ပေမယ့် ရိုးတံလေးရဲ့အပေါ်မှာ အတောက်ပဆုံးဖြစ်အောင် လှသွေးကြွယ်ပေးခဲ့တယ်။ Jone နဲ့ Min ကလည်း ဆုံစည်းခွင့်မရခဲ့ပေမယ့် အမှတ်တရတွေကို လှလှပပပုံဖော်ခဲ့ကြတယ်။

အပွင့်ရောအရွက်ပါအဆိပ်ရှိတဲ့ ဒီပန်းလိုပဲ့ Min ရော Jone ပါ အဆိပ်သင့်ခဲ့ကြတယ်။ နှလုံးသားအဆိပ်ပေါ့ ။

ပန်းပွင့်လေးနဲ့ အရွက်လေးတို့မဆုံနိင်တာက ပန်းပွင့်လေးရဲ့ ကျိန်စာကြောင့်လို့ပြောကြတယ်။ ဒါဆို ကိုယ်တို့မဆုံရတဲ့အကြောင်းအရင်းကရော ဘယ်သူရဲ့ ကျိန်စာကြောင့်များလဲ။

One shotOpowieści tętniące życiem. Odkryj je teraz