အတိတ်ဟာ အတိတ်ပါပဲ

631 60 0
                                    

မောင် ငါငိုနေတယ်
ငါ့ကိုထပီးချော့အုံးလေ
ငါ့မျက်ရီတွေကို မုန်းတယ်ဆို
ငါမျက်ရီကျတာမကြိုက်ဘူးဆို
ငါ့ကိုချစ်တယ်ဆို
မချစ်တော့ဘူးလား
ထပါတော့မောင်ရယ်
ငါပင်ပန်းလှပီ
မောင့်ရင်ခွင်ထဲတိုးဝင်ချင်လှပီ

မောင်ဆိုတဲ့သူက ဆေးရုံကုတင်လေးထက်မှာ ဆေးပိုက်တန်းလန်းနဲ့ အိပ်ပျော်နေတုန်း

မောင် ကိုယ်သွားတော့မယ်နော်
ညကျရင် ကို ပြန်လာမယ်သိလား
အေးအေးဆေးဆေးအနားယူအုံးနော်
အရမ်းတော့မကြာပါနဲ့
ချစ်တယ်မောင် မွ

မောင့်လုပ်ငန်းတွေကိုဦးစီးရအုံးမည်
ကို့ကုမ္ပဏီကတော့ သူ့ဟာနဲ့သူအဆင်ပြေတာမို့
မောင်နိးထလာတဲ့အချိန်
မောင်အတွက်အားလုံးအဆင်ပြေနေစေဖို့
အကြာကြီးတော့အနားမယူပါနဲ့မောင်
ကိုယ်စောင့်နေမယ်

ဒီနေ့ဟာ မောင်အိပ်စက်နေတာ ၄ နစ်ရှိပီ
မောင်ဟာလေ ဘယ်တော့မှ
ကို့စကားနားမထောင်ဘူး
အကြာကြီးမအိပ်ပါနဲ့ဆို
မောင်အိပ်ရာကနိုးရင် အပြစ်ပေးရမယ်
အပြစ်ခံယူဖို့အသင့်ပြင်ထားပါမောင်

တီ တီ တီ.....မောင်!!!!

ဟင်မောင် မဖြစ်ဘူးနော်
မောင် မကြိုက်ရင် ကိုယ်မပြောတော့ပါဘူး
မနောက်ပါနဲ့မောင်
ကို သေ သွားလိမ့်မယ် မောင်ရဲ့
မနောက်ကောင်းဘူးလေ

ဆရာဝန်တွေအခန်းထဲရှုပ်ယှက်ခပ်နေသည်
ကျတော်မငိုမိတော့ဘူး
နလုံးသားက တစစ်စစ်ထိုးကိုက်လာသလို
အမြင်တွေဟာလည်း မကွဲပြားတော့ဘူး
မျက်ရီတွေကြောင့် အမြင်တွေဟာ
မှုန်ဝါးဝါးသာ
ဆရာဝန်ကပြောတယ်
မောင်ကို့ကို ထာဝရနှုတ်ဆက်သွားပီတဲ့
သူတို့လိမ်နေတာမဟုတ်လားမောင်
ဒါက အရမ်းရီရတဲ့ဟာသလိုပဲ
ဟုတ်တယ်မလား မောင် မောင်ပြောအုံးလေ
ဟုတ်တယ်မလားလို့
မောင်ဘာလို့ပြန်မပြောရတာလဲ

hyung တွေက ပြောနေကျတယ်
စိတ်လျော့ပါတယ့်
ကို့မျက်စိရှေ့မှာ နလုံးခုန်ရပ်သွားတဲ့
မောင့်ဖြစ်ရပ်ကိုကြည့်ပီး
စိတ်လျော့ရမှာတဲ့လား
ဟင့်အင်း မဖြစ်နိုင်တာ
မောင်ခဏစောင့်နော် ကိုလိုက်ခဲ့မယ်
ခဏပဲစောင့် မောင် ကို့ကိုချစ်တယ်မလား
မောင့်နောက်ကို လိုက်ခွင့်ပေးနော်
အရမ်းချစ်လို့ပါမောင်ရယ်
မောင့်နောက်လိုက်ခဲ့ပါရစေ
သူတို့တွေမောင့်ကို အဝတ်ဖြူကြီးတွေနဲ့
ဖုံးကျတော့မယ် ဘယ်ဘက်ရင်အုံက
နလုံးကလည်းအဆမတန်အောင်
နာကျင်နေတယ်မောင်
ဝမ်းသာလိုက်တာ မောင့်နောက်လိုက်ရတော့မယ်
နောက်ဆုံးတော့ ကို့ဆန္ဒတွေ ပြည့်သွားခဲ့ပီမောင်
ကိုဟာ နာကျင်လွန်းတဲ့နလုံးဒဏ်ရာကြောင့်
သေသွားခဲ့တယ်တဲ့ မောင်ဘယ်မှာလဲ
ခုတော့ကိုတို့တူတူရှိနိင်ခဲ့ပီပေါ့
အရမ်းပျော်တယ်မောင်
ဟင် မောင် ဘာလို့ငိုနေတာလဲ
''မောင်လည်းအရမ်းပျော်လို့'' တဲ့လား
အနမ်းတွေဟာ ထပ်တူကျခဲ့ပြန်ပီ
မောင့်မျက်ရီတွေသုတ်ပေးတော့
မောင့်မျက်နာပေါ်မှာ
ချစ်စရာကောင်းစွာပဲ အပြုံးတွေပေါ်လာတယ်
အဲ အပြုံးတွေကို ချစ်တာမောင်
မောင့်နခမ်းတွေကလေ မပြုံးပဲနေရင်တောင်
ဆွဲဆောင်မှုရှိပီးသား
မောင်ကလေ ကို့ဘဝအတွက်
သိပ်ချစ်ဖို့ကောင်းတဲ့လူသား
သိပ်အရေးပါတဲ့လူသား
အရမ်းချစ်တယ်မောင်

One shotDonde viven las historias. Descúbrelo ahora