Love

477 49 8
                                    

အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြပါသလဲ ။
ပေးဆပ်တယ် ၊ အနစ်နာခံတယ် ပြောချင်သလိုပြောကြပါစေ အထက်တန်းကျောင်းသားဘဝရဲ့ အချစ်လောက်တော့ ဘယ်ဟာမှ မချိုမြိန်နိုင်တာအမှန်ပါပဲ ။

ခမ်းခမ်းနားနားDateတွေပါချင်မှပါလိမ့်မယ် ၊ ဆန်းဆန်းပြားပြား လက်ဆောင်တွေပါကောင်းမှပါလိမ့်မယ် ။

Toiletသွားရင်း ခိုးကြည့်ရတာမျိုး ...
ဘောပင်ဆင်တူကိုင်ရရုံလေးနဲ့ ရင်ခုန်တတ်ရတာမျိုး ...
အေးတဲ့နေ့တွေမှာ ဆွယ်တာအရောင်လေး မတူတူအောင်ဝတ်ရတာကိုက အရသာရှိနေတာမျိုး ...။
ဒီလိုသေးသေးဖွဲဖွဲ အခိုက်အတန့်လေးတွေက ကြီးကြီးမားမား အကြင်နာဖြစ်လာတာကိုက ဖြူဖြူစင်စင်အချစ်လို့ခေါ်ပါတယ် ။

အလင်းရှိရင် အမှောင်ရှိတယ် ။
အဖြူရှိရင် အမည်းရှိတယ် ။
စာတော်တဲ့ကျောင်းသားရှိသလို စာညံ့တဲ့ကျောင်းသားလဲရှိတယ် ။
လိမ္မာတဲ့ကျောင်းသားရှိသလို ခပ်ဆိုးဆိုးကျောင်းသားမျိုးလဲရှိတာပါပဲ ။

စာတော် လိမ္မာတဲ့ အတန်းခေါင်းဆောင်လေးက စာညံ့တဲ့ ခပ်ဆိုးဆိုးကျောင်းသားလေးကိုမှ ချစ်မိနေပါသတဲ့ .... ။

PAPER RINGS

" ဟေ့ကောင်တွေ အပျင်းမကြီးနဲ့ အချက်၅၀ပြည့်အောင်လုပ်ရမှာ လုပ် အခုမှ ၁၄ပဲရှိသေးတယ် "

ကာယဆရာက လက်ထဲကကြိမ်လုံးတုတ်တုတ်ကို ဝှေ့ယမ်းပြီး မာန်ပါပါပြောတယ် ။ Sweaterအပြာကိုဝတ်ထားတဲ့ အတန်းခေါင်းဆောင် EuiJooက မျက်မှန်ကို လက်နဲ့ပင့်တင်ရင်း ဒဏ်ခံနေရတဲ့သူတွေထဲက တစ်စုံတစ်ယောက်ကို အသဲအသန်ရှာတယ် ။

EuiJooရဲ့ တစ်ဦးတည်းသောလေးဟာ ကျောင်းနောက်ကျလို့ ဒိုက်ထိုးနေရတဲ့ ကောင်လေးအုပ်စုထဲမပါလေဘူး ။
* Nicholas ဒီနေ့များ ကျောင်းစောစောလာတာလား *

မဟုတ်ကဟုတ်ကတွေတွေးရင်း ကြက်သီးထလာတာမို့ EuiJooက Sweaterအပြာကို ခပ်တင်းတင်းဆွဲစေ့လိုက်ရတယ် ။

Nicholasက ကမ္ဘာနှစ်ခြမ်းကွဲရင်တောင် ကျောင်းချိန်အမှီရောက်မယ့်သူမျိုုးမဟုတ်တာ EuiJooသိတာပေါ့ .. ။

Paper RingWhere stories live. Discover now