Love

228 41 5
                                    

" Nicholas ဒုန်း ဒုန်း ဒုန်း "

အော်ဟစ်ဆူညံတဲ့ ကောင်မလေးတွေရဲ့ အုပ်စုလိုက် အော်သံက Euijooလို Introvertအတွက် အတန်ငယ်ဆူလွန်းနေတယ် ။ ခါတိုင်းလိုသာဆိုရင်တော့ Euijooက သူ့ရဲ့ အတန်းခေါင်းဆောင် အာဏာကိုထုတ်သုံးပြီး "နင်တို့အားလုံးပါးစပ်ပိတ်နေ" လို့တားမိမှာပဲ ။

ဒါပေမယ့် အခုတစ်ခေါက်တော့မရဘူး ။ ဒီနေ့က ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲနေ့ဖြစ်ပြီး Nicholasတို့ရဲ့ ပြိုင်ဘက်အသင်းက မနှစ်က Championဖြစ်တာမို့ ။

နဂိုက ဒီလိုပွဲမျိုးရှောင်လေ့ရှိပေမယ့် Nicholasကိုယ်တိုင်က " မင်းမလာရင် ငါမကန်ဘူးနော်" လို့ ခြိမ်းခြောက်ထားတာမို့ သူ့ခမျာ Stadiumရဲ့ ထောင့်နားလေးမှာ Maskတွေရော ၊ အနွေးထည်တွေရောအလုံပိတ်ပြီး ကုတ်ကုတ်လေးထိုင်နေရတာ ။

" စိတ်ညစ်တာ ပထမပိုင်းပြီးတော့မှာကို ငါတို့ရဲ့ Nicholas kunက တစ်ဂိုးတောင်မသွင်းသေးဘူးနော် "

" သူက အဲ့လောက်ကြီးလဲ မတော်ဘူးကို "

နင်တို့က ဘာများသိနေလို့လဲ ! Euijooက စိတ်ထဲက လက်ခလယ်ထောင်ပြလိုက်ပေမယ့် ဒီနေ့မှ Nicholasက နည်းနည်းခြေပျက်နေတယ်ပြောမလား ။

Nicholasပုံစံက ကွင်းထဲကနေ လူအုပ်ထဲကို စောင်းငန်းစောင်းငန်းကြည့်နေရင်း တစ်ယောက်ယောက်ကို ရှာနေသလိုမျိုးမို့ ။ ငါ့ကိုများရှာနေလားဆိုတဲ့ အတွေးလေးတော့ ဝင်လာမိပေမယ့် Nicholasဘဝမှာ သူက ဘယ်လောက်ထိအရေးပါလဲ Euijooက မခွဲခြားတတ်ဘူး ။ အဲ့တာကြောင့် ပွဲမစခင် ကစားသမားတွေအကြောလျှော့ကတည်းက ရောက်နေခဲ့ပေမယ့် ငြိမ်ငြိမ်လေးနေနေမိတာ ။

Nicholasက စာမလုပ်တာကလွဲရင် ပြောစရာမရှိတဲ့ကောင်လေးတစ်ယောက်ပဲ ။ အဲ့တာကြောင့်လဲ ကောင်မလေးတွေက သဲသဲလှုပ်နေသလို မနေ့ကဆို Aခန်းရဲ့ Queenကိုယ်တိုင်က Nicholasကို စာပေးထားတာမလား ။

Euijooအတွေးများနေတုန်းမှာပဲ ပထမပိုင်းပြီးသွားတယ် ။ လောလောဆယ် သူတို့ကျောင်းဘက်က 2-0နဲ့ ရှုံးနေတာမို့ Nicholasဘယ်လောက်တောင် စိတ်တိုနေလိုက်မလဲ ။

" Nicho အာရုံစိုက်စမ်း မင်းဘယ်လိုဖြစ်လို့ လူအုပ်ထဲကိုပဲကြည့်နေတာလဲ "

Paper RingWhere stories live. Discover now