Love

179 36 10
                                    

အချစ်တဲ့ ... ။
စကားလုံးအားဖြင့်တော့ နှစ်လုံးတည်းရယ် ။
ဒါပေမယ့် ဒီနာမကဖြင့် Nicholasကို ပိပိရိရိ နာကျင်စေတဲ့ စကားလုံးပါပဲ ။

Nicholas က လက်ထဲက ကော်ဖီခွက်ကို ခပ်ဆဆလှုပ်ခါရင်း အပြင်က ရွာနေတဲ့ မိုးစက်တွေကို ငေးစိုက်ကြည့်မိပါတယ် ။

ဒီမိုးတွေ တစ်ပေါက်ချင်း သူ့ပေါ်ကျလာတယ် ။ ဒီမိုးတွေ တစ်စက်ချင်း သူ့ကို စိုစွတ်စေတယ် ။ ဒါပေမယ့် Nicholas က ဂရုမစိုက်ပါဘူး ။

ဒီမိုးတွေ ဘယ်လောက်ပဲအေးစေပါဦး ၊ Euijooမရှိတော့လို့ အေးစက်နေတဲ့ Nicholasရဲ့ နှလုံးသားကို မှီနိုင်မှာတဲ့လား ။ ဒီမိုးတွေဟာ ဘယ်လိုပဲ နာကျင်ပါစေဦး ၊ Nicholasကို ထားခဲ့တဲ့ Euijooလောက်တော့ နာကျင်စေမှာတဲ့လား ။

" ပြန်လာပေးလို့မရဘူးလား EuiJooရယ် ။ မင်းမရှိရင် ငါသေလိမ့်မယ် အချစ်ရဲ့ "

သူကလွဲ သရဲခြောက်မှာတောင်စိုးရိမ်ရတဲ့အထိ အေးစက်တိတ်ဆိတ်နေတဲ့ အခန်းဟာ ပြန်ဖြေသူကင်းမဲ့လို့ ။

၁၆နှစ်တုန်းက စတွေ့ခဲ့တဲ့ EuiJooဟာ ၂၆နှစ်အထိ သူ့ဘေးမှာရှိမယ်လို့ထင်ခဲ့တယ် ။ ဘယ်လိုလုပ်ကြပါ့မလဲ အခုတော့ဖြင့် EuiJooက သူ့ဘေးမှာမှ မရှိတော့တာပါပဲ ။

Euijooက Nicholasကို ထားခဲ့ပြီ ။

Nicholasက နောက်တစ်ခါ ထပ်အော်ပြန်တယ် ။

" Euijoo ငါမင်းမရှိဘဲမနေနိုင်ဘူး အချစ်ရယ် ။ ငါ့ဆီ ပြန်လာခဲ့ပေးပါ "

" လာပြီ ခွေးကောင်ရဲ့ ။ မိုးရွာနေလို့ အဝတ်သွားရုတ်ပါဆိုတာကျ မရုတ်ဘူး ။ အသံပြဲကြီးနဲ့အော်တာကျ တတ်တယ် "

ဟုတ်ပါတယ် ...
Euijooက Nicholasကို မိုးရွာလို့ အဝတ်သွားရုတ်ဖို့ ထားခဲ့တာပါ ။

ဒါပေမယ့် Nicholasလို ချစ်သူအနား ကပ်နေချင်သည့်ကောင်လေးအတွက်ကတော့ ချစ်သူလေးဘေးမရှိရတာ ကမ္ဘာပျက်သလောက်ခံစားရတာပဲလေ ။

" လာပါဦး Euijooရယ် မိုးအေးအေးနဲ့ချမ်းလိုက်တာ ။ ဖက်ပြီးအာဘွားပေးရအောင် "

" မင်းဘိုးအေကြီးသာ အာဘွားသွားပေး ။ မိုးရွာနေတာ ပြတင်းပေါက်မပိတ်ပြန်ဘူး ဖျားချင်လို့လား "

You've reached the end of published parts.

⏰ Last updated: Sep 17, 2023 ⏰

Add this story to your Library to get notified about new parts!

Paper RingWhere stories live. Discover now