Love

199 41 3
                                    

" ထင်ပါတယ် ဒင်းစကားကို ယုံမိတဲ့ ငါကိုကမှားတာ "

ကျောင်းဆင်းချိန်ရောက်တဲ့အထိ ပေါ်မလာတဲ့ Nicholasကို မေတ္တာပို့ရင်း EuiJooက တိုးတိုးဆဲတယ် ။ တစ်ကျောင်းလုံးမှာကျန်တာဆိုလို့ ကိုယ်ရယ် ကျောင်းစောင့်သရဲပဲကျန်တော့မလားမသိ ။

Nicholasလား ...ဒင်းကတော့ အခုလောက်ဆို စာသင်ချိန်လစ်ပြီး Gameဆိုင်ဖြစ်ဖြစ် ဘောလုံးကွင်းဖြစ်ဖြစ် ရောက်နေလောက်ရောပေါ့ ။ အေးလေ .... ငါ့ကိုလာခေါ်မယ်ဆိုတာကလဲ ပြောကောင်းရုံပြောသွားတာပဲနေမှာပါ ။ ငါနဲ့ သေချာစကားပြောဖြစ်တာဖြင့် ဘယ်လောက်ကြာသေးလို့ ဒီလောက်ရင်းနှီးရမှာလဲ ။

EuiJooဟာ စကားနည်းသလောက် အတွေးများတဲ့ကောင်လေးဖြစ်တယ် ။ လွယ်အိတ်ကြိုးကို တင်းတင်းကိုင်လို့ Fuma Hyung ဆီသွားဖို့ ခြေလှမ်းစပါတယ် ။ အနည်းငယ်နောက်ကျနေတာမို့ ခြေလှမ်းသွက်သွက် လှမ်းရင်းပေါ့ ။

လမ်းတစ်လျှောက်မှာ Nicholasတစ်ယောက် " ဟေ့ EuiJoo " ဆိုပြီး သူ့ပခုံးကို ဆွဲလှည့်လိုက်လေမလား ဆိုတဲ့စိတ်ကြောင့် EuiJooဟာ ဂနာမငြိမ် ။ ဒါပေမယ့် Nicholasမပြောနဲ့ ခွေးတစ်ကောင်ကြောင်တမြီးမှမရှိဘဲ ဒီနေ့မှ ထူးထူးခြားခြား ငြိမ်သက်နေတဲ့ အပြန်လမ်းဟာ ခြောက်ကပ်လို့နေပါတယ် ။ 

Fuma Hyung အိမ်ရောက်တော့ EuiJooက ခါတိုင်းလိုပဲ ရေဘူးကိုထုတ်လို့ ဖြည်းဖြည်းမော့တယ် ။

" EuiJooလေး ဟိုကောင်ရော "

" အယ် ပါမလာဘူးရော် "

" ဒီကောင်တော့ ဘယ်သဝေထိုးနေပြန်ပြီလဲမသိပါဘူးကွာ ။ သူမလာမှာစိုးလို့တောင် EuiJooကိုခေါ်ပြီး တူတူလာခဲ့လို့ တမင်မှာခဲ့တာကို ၊ Nicholasက စကားကိုနားမထောင်ဘူး "

EuiJoo နှလုံးသားလေးက ဘုတ်ခနဲအောက်ပြုတ်ကျသွားသလိုပါပဲ ။ အေးလေ ..  Nicholasက သူနဲ့  ရင်းနှီးချင်စရာ ဘာအကြောင်းများရှိမှာတဲ့လဲ ။

ပိစိလေးဝမ်းနည်းသွားတဲ့ EuiJooက စာအုပ်ကို တိတ်တဆိတ်ထုတ်တယ် ။ ခါတိုင်းလိုတောင် ဟိုစာက ဟိုဒင်းက ဟိုလိုခက်တာ စတဲ့ ညည်းညူစကားတောင် မပြောနိုင်လောက်အောင် ငြိမ်ကျနေတဲ့ EuiJooကြောင့်
Fumaကလဲ တအံ့တသြ ။

Paper RingWhere stories live. Discover now