အပိုင်း (၂)

101 12 0
                                    

လွန်

အပိုင်း (၂)

ကျွန်တော့်ရင်ခွင်ငယ်ထဲမထင်မှတ်ပဲရောက်လာတဲ့လင်းသုကိုငုံ့ကြည့်မိတော့ သူ့ရဲ့မျက်​တောင်ဖျား​​​လေး​​တွေ​အောက်မှာကျွန်တော်ခဏတော့မှင်သက်သွားရသည်။ ထိုအခိုက်အတန့်တွင် ဝဲဘက်ရင်အုံသည်လည်း နိမ့်ချည်မြင့်ချည်ဖြစ်နေ၏။ ထိုအရာကိုတော့ မျက်တောင်လေးတွေကိုသာငေးနေမိသော ကောင်လေးကား မရိပ်မိခဲ့။

" အသု မင်းမျက်တောင်လေးကခပ်စိပ်စိပ်လေးနဲ့​ကြည့်ကောင်းလိုက်တာ ပြီးတော့မင်းနှုတ်ခမ်းလေးတွေရောပဲ "

မင်းထက်ဆီကစကားကြားတော့ လင်းသု သူ့ဆီမှရုန်းထွက်ကာ ရယ်ကျဲကျဲပြောလိုက်သည်။

" မင်းထက် မင်းဟာလေ တော်တော်ဟာသပြောတတ်တဲ့ကောင် ''

" ဟား ဟား ''

အသုစကားကြားတော့ မင်းထက်သည်လည်းအလိုက်သင့်ရယ်မောလိုက်မိသည်။ ထိုအချိန်ကသူတို့နှစ်ယောက်ကြားပထမဆုံးရင်ခုန်သံတွေစုံညီမိသည့်အချိန်ဖြစ်မည်ထင်ပါသည်။

" ဘုန်းကြီးကျောင်းသွားရအောင်ငါကလာခေါ်တာ ခုတော့သီလမယူရသေးပဲ ငရုတ်သီးနဲ့ဂျင်းမိတဲ့အဖြစ် ''

သိပ်မကျေနပ်သော လင်းသုက မင်းထက်အား ခပ်ထေ့ထေ့လေးပြောလိုက်သည်။ ထိုအခါလင်းသုက သွားဖြီးကား ဇတ်ကလေးပုပြ၏။

" မင်းကလည်းအေးဆေးပေါ့ တရားနာဖို့ကလိုသေးတာကို လူကြီးတစ်ချို့ဆိုခုမှသွားတုန်း ''

မင်းထက်ကပြောရင်းအိမ်ပြတင်းပေါက်အပြင်ကိုမေးငေါ့ပြသည်။ လင်းသုကြည့်တော့တကယ်လည်းခုမှတစ်ချို့သွားကြတုန်းပင် ။

" အင်္ကျီသွားလဲဦးမယ် ''

" သွားလဲသင့်တာကြာနေပြီ ''

ဘုန်းကြီးကျောင်းက မင်းထက်တို့အိမ်နှင့်သိပ်မဝေးတာမို့ကြာကြာတော့လမ်းမလျှောက်လိုက်ရပေ။ ဥပုဒ်လက်ဆောင်ကတော့ နှစ်​​ယောက်သား​ကိတ်မုန့်တစ်​ယောက်တစ်လုံးစီ ယူလာခဲ့လိုက်သည်။

ဘုန်းကြီးကျောင်းဝင်ထဲရောက်သည်နှင့်လက်ဖက်အုပ်တည်သူကတည် ချိုချဉ် ဆပ်ပြာမှုန့်အစရှိသဖြင့်ဝေသူကဝေနှင့် စုံနေသည်။ မင်းထက်နှင့် အသုလည်း ဆပ်ပြာမှုန့်ထုပ်နှင့်ချိုချဉ်များရသည်။

လွန်Where stories live. Discover now