Unicodeလွန်
အပိုင်း (၆)
အတက်နေ့ကိုတော့ လင်းသုတို့သူငယ်ချင်းတစ်စု သီလခံယူပြီး ဥပုသ်စောင့်ခဲ့ကြ၏။
ဤသို့ဖြင့် နှစ်ဟောင်းကုန်လို့ နှစ်သစ်၏ ပထမရက်သို့ရောက်လာခဲ့၏။ နှစ်ဆန်းတစ်ရက်နေ့တွင်မူ မနက်ပိုင်းရေသပ္ပါယ်ကြ၏။ တစ်ယောက်နဲ့တစ်ယောက် ရေပက်တာကလည်း ရှား၏။ အများစုက ဘုရားရေသပ္ပါယ်ကြတာများသည်။
" မင်းထက် ငါဘုရားရေသပ္ပါယ်သွားမလို့ မင်းလိုက်ဦးမလား "
" အရင်သွားနှင့်အသု ငါအမေခိုင်းထားတာလေးရှိလို့ ပြီးကာမှအနောက်က လိုက်ခဲ့မယ် "
" အေးအဲဒါဆို ငါသွားပြီနော် "
လင်းသုလည်း မင်းထက်အား နှုတ်ဆက်ကာ ဘုရားရေသပ္ပါယ် ထွက်လာခဲ့တော့၏။ ရပ်ကွက်ထဲမှ ကလေး၊လူကြီး အားလုံးဟာလည်း ရေဖလားကိုယ်စီ ရေပုံးကိုယ်စီဖြင့် အလျှိုလျှိုထွက်လာကြ၏။
" ဟဲ့လင်းသု နင်နောက်ကျတယ်နော် "
ဘုရားဝင်းထဲရောက်တော့ လက်မောင်းကိုပုတ်ကာ စကားလာပြောသောလှလှမေ။
" အမလေး ဒေါ်လှလှမေရယ် ငါနောက်ကျတာဟုတ်ရဲ့လားနော် နင်ကစောနေတာ မဟုတ်ဘူးလား "
" ဘယ်ကစောရမှာလဲဟဲ့ နောက်တောင်ကျ ငါ့မှာ အချိန်ကောင်းလေးတွေတောင် လွတ်တယ် "
" ဆွေဆွေတို့ရော "
" သူတို့လား ဆက်ငမ်း... အဲလေဟုတ်ပါဘူး ဆက်စားနေကြတယ် "
" ဟား ဟား "
လှလှဆွေ စကားကြောင့် လင်းသုတစ်ယောက် ဟက်ဟက်ပက်ပက်ရယ်လိုက်မိပါ၏။ ဒါသည်လည်း သူတို့အဖွဲ့မှ အဒေါ်ကြီးများ၏ ထုံးစံပင်။ ရေသပ္ပါယ်ပြီး စတုဒီသာကျွေးတဲ့ ဆန်ပြုတ်ကလေးသောက်ရင်း ရေတရွှဲရွှဲနှင့် ကျစ်ကျစ်လစ်လစ် ကိုယ်ခန္ဓာပိုင်ရှင် အမျိုးသားများအားကြည့်ရင်း အပန်းဖြေကြပြန်၏။
" နင်တို့ဆိုသည်မှာနော် နှစ်တိုင်းပဲ ဘုရားလာပြီးရေသပ္ပါယ်လာတဲ့ အစ်ကိုကြီးတွေကိုလည်း ငမ်းနေတာပဲ ကုသိုလ်တွေတော့ ရပါဦးမယ် "
YOU ARE READING
လွန်
Roman pour Adolescentsလူတွေကတော့ အချစ်ကိုအမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြတာပါပဲ ။ တချို့ကတော့ ချစ်တဲ့အကြောင်းကို မှန်ကန်ရိုးသွားစွာဝန်ခံရင်း ဆက်ချစ်သွားကြတယ် ။ တချို့ကတော့ အမျိုးမျိုးသော အကြောင်းအရာတွေကြားမှာ လွန်ဆန်ရင်း ချစ်ခြင်းမေတ္တာကို ပုန်းရှောင်ကြတယ်။ ဒီဇာတ်လမ်းလေးမ...