လွန်
အပိုင်း (၃)
" မင်းထက် မင်းဘယ်လိုတောင်ကြောင်တောင်တောင်တွေလုပ်နေတာလဲ တကယ်ဆိုဆေးခန်းခေါ်မသွားတောင် ဆေးလိမ်းဖို့ဖြစ်ဖြစ်လုပ်ပေးသင့်တာကို ''
" ရှူးတိုးတိုးနေ အသု မင်းကတော့လေ တကယ်ကိုစကားများလွန်းတဲ့သာလိကာပဲ ပိတောက်ပန်းတောင်ပြီးအောင်မခူးရသေးတာကို ပိတောက်ပန်းလေးတော့ခူးပါရစေဦး ''
" သဘောပဲ ''
လင်းသုမှာ မင်းထက်အားမနိုင်တဲ့အဆုံးလက်မြှောက်လိုက်ရ၏။
" ရောက်ပြီ ''
ပိတောက်ပင်အောက်ရောက်သည်နှင့် လင်းသုဆင်းဖို့ ထိုင်ပေးလိုက်သည်။
" ကဲဆင်းတော်မူပါဦးဗျာ ကျွန်တော်မျိုး ပိတောက်ပန်းခူးအုံးမယ် ''
" ပြောင်စပ်စပ်လုပ်နေ ''
လင်းသု မင်းထက်အားမဲ့ပြလိုက်သည်။ ထိုသည်ကို မင်းထက်ကလည်းသဘောတကျရယ်နေပြန်၏။
အနီးမှာရှိတဲ့ ဝါးတံချုလေးကိုယူပြီး ပိတောက်များကိုခူးယူလိုက်၏။ အတော်လေးများများ ခူးပြီးသည့်နောက် မင်းထက်လည်းပိတောက်ပန်းခူးခြင်းအားရပ်လိုက်၏။
'' အာ ခဏလေး ငါ့အသုလေးကို ပိတောက်ပန်း ပန်ပေးရမှာပေါ့ ဟဲဟဲ "
မေးစေ့အားပွတ်လျက် ဆိုက်ဂိုက်နှင့်ပြောနေသောလူကို အသုနည်းနည်းလေးပင် ကြည့်မရတော့
ထို့နောက် ပိတောက်ပင်နားက အုတ်ခုံလေးပေါ်မှာထိုင်ပြီးပွစိပွစိရေရွတ်နေသော အသုဆီသို့သွားလိုက်၏။
" အသုဒီမှာမင်းအတွက် ပိတောက်ပန်း ''
အသုမင်းထက်အတွက် ပိတောက်ပန်းတစ်ခက်ပေးလိုက်၏။
" ဟင် ပိတောက်ကတစ်ခက်ထဲလား ကပ်စေးပဲ ပိတောက်ပန်းတွေဒီလောက်အများကြီးခူးထားတာကိုတစ်ခက်ပဲပေးတယ် ''
" မင်းကတော့လေ တကယ်ပဲ တစ်ခက်လည်းဘာဖြစ်လဲ မကောင်းဘူးလား မင်းကပထမဆုံးယူတဲ့လူဆိုတော့တစ်ခက်ပဲယူလိုက်လေနော် ''
" အေးပါ ငါမှမခူးနိုင်တာ ဘယ်တတ်နိုင်မလဲ ဟွန့် နောက်ရက်ခြေထောက်ပြန်ကောင်းမှ မင်းဆီကိုအိတ်နဲ့တစ်လုံးသယ်လာပြမယ် ''
YOU ARE READING
လွန်
Teen Fictionလူတွေကတော့ အချစ်ကိုအမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြတာပါပဲ ။ တချို့ကတော့ ချစ်တဲ့အကြောင်းကို မှန်ကန်ရိုးသွားစွာဝန်ခံရင်း ဆက်ချစ်သွားကြတယ် ။ တချို့ကတော့ အမျိုးမျိုးသော အကြောင်းအရာတွေကြားမှာ လွန်ဆန်ရင်း ချစ်ခြင်းမေတ္တာကို ပုန်းရှောင်ကြတယ်။ ဒီဇာတ်လမ်းလေးမ...