အပိုင်း (၇)

95 8 3
                                    

Unicode

လွန်

အပိုင်း (၇)

  " ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း "

  အရှေ့ကဆရာမမှ ကဗျာလေးအား အဆုံးထိရွတ်ပြသွားပြီးနောက် ကလေးများမှလည်း တညီတညာလိုက်ရွတ်ကြ၏။

အဖြူနှင့်အစိမ်းကို သပ်ရပ်နေအောင်ဝတ်ဆင်ထားပြီး တစ်ပတ်သျှိုဆံထုံးလေးထုံးထားသော ထိုဆရာမလေးကား ကျက်သရေရှိလှ၏။ စာသင်ရာမှာစိတ်ရှည်သည့်အပြင် ကြင်နာတာကြောင့် ကျောင်းသားတွေတင်မက ကျောင်းကဆရာ ဆရာမများပင် ချစ်ခင်ရသူဖြစ်၏။ ထိုဆရာမလေး၏အမည်နာမကား ယိမ်းနွဲ့မူ ။

" ကဲ ကလေးတို့ ဒီနေ့ ဆရာမသင်ပေးလိုက်တဲ့ ကဗျာလေးကို အိမ်ရောက်ရင်လည်း ဖတ်ကြည့်ခဲ့ကြဦးနော် မနက်ဖြန်ကျရင် ဆရာမက တစ်ယောက်ချင်းစီ ဖတ်ခိုင်းဦးမှာနော် "

" ဟုတ်ကဲ့ပါ ဆရာမ "

အတန်းထဲမှကလေးတွေရဲ့ တညီတညာတည်းဖြေလာသော အသံကား စိတ်ကိုကြည်နူးစေလှ၏။ အတန်းဆင်းနှုတ်ဆက်ပြီးသွားတော့ ကလေးတွေလည်း အပြင်သို့အလျှိုလျှိုထွက်သွားကြတော့၏။

" အစ်မယိမ်း ကလေးတွေက အတန်းပြီးပြီမလား ကျွန်မတို့ နေ့လည်စာစားနားရအောင်လေ "

" လာပြီ သင်းသင်း "

  ယိမ်းနွဲ့မူ ဆရာတွေနားနေခန်းထဲသို့ လိုက်သွားလိုက်သည်။ ပုံမှန်ဆို ယိမ်းနွဲ့မူကားအလယ်တန်းပြဆရာမတစ်ဦးဖြစ်၏။ ဒီရက်ပိုင်း အငယ်တန်းက ဆရာမတစ်ယောက် ခွင့်ယူထားတာကြောင့် သူက ဝင်သင်ပေးနေခြင်းဖြစ်သည်။

  နားနေခန်းထဲတွင် ဆရာ၊ဆရာမများကား ကိုယ်စီထမင်းချိုင့်တွေဖွင့်ကာ စား​သောက်နေကြ၏။

" လာလာ ယိမ်း နင့်မလည်း အစားဆင်းပေးနေရတာနဲ့ ပင်ပန်းနေရောပေါ့ "

   ကျောင်းအုပ်ဆရာမကြီးမှ ယိမ်းအား စကားစမြည်ပြော၏။

" မပင်ပန်းရပါဘူး ဆရာမကြီးရယ် ကျွန်မကတော့ ကျွန်မချစ်မြတ်နိုးရတာတွေ လုပ်နေရတော့ ပျော်နေတာပါပဲ ပင်ပန်းတယ်တောင် မခံစားရပါဘူး "

လွန်Where stories live. Discover now