Ch.(1) စတေးခံလေးရဲ့​ခရီးစဉ် I /စတေးခံလေးရဲ့ခရီးစဉ် I

1.5K 128 7
                                    

Unicode

ရှေးဦးလူ့အဖွဲ့အစည်း အရမ်းကောင်း! (1)


ချန်လီကော မျက်လုံးတွေကိုဖွင့်လိုက်ပြီး မကြာခင်မှာပဲ ကျယ်လောင်တဲ့အသံတွေကို ကြားလိုက်ရသည်။

သူ့တစ်ကိုယ်လုံး မူးဝေနေပြီး အခက်အခဲတွေတောင့်ခံနိုင်ပြီးမှ သူ့ခေါင်းအနည်းငယ်ရှင်းသွားပြီး ဘာတွေဖြစ်ပျက်နေလဲဆိုတာ လှည့်ပတ်ကြည့်နိုင်သွားသည်။

သူက အခုစင်မြင့်ပေါ်မှာ ဒူးထောက်လျက်နဲ့ လက်တွေကိုလည်း ကြိုးတွေလည်း ချည်နှောင်ခံထားရသည်။ မျက်နှာပေါ်မှာ အလှဆင်ထားတဲ့ပုံတွေနဲ့ အဘိုးအိုတစ်ဦးက ချန်လီကော နားမလည်နိုင်တဲ့ အရာတစ်ခုကို ရေရွတ်နေသည်။ ချန်လီကော သူဘာတွေပြောနေလဲ နားမလည်နိုင်ခင်မှာပဲ အဘိုးကြီးက ကြိုးနဲ့ချည်ထားတဲ့ သူ့ဘေးနားကလူကို အမြန်ဆွဲပြီး သစ်သားချွန်နဲ့ စိုက်ထိုးလိုက်တာကို ကြည့်နေလိုက်သည်။

အဲ့သနားစရာ ကောင်းလှတဲ့လူက သစ်သားချွန်ထဲ ဗိုက်စိုက်ဝင်သွားတာမို့ ကျယ်လောင်စွာ အော်ဟစ်နေတော့သည်။ ဒီစိတ်ညစ်စရာ အော်သံကြီးက ​တဖြည်းဖြည်းအားမနည်းသွားခင်အထိ အချိန်အတော်ကြာအောင် ဆက်သွားနေခဲ့သည်။ နောက်တော့ အဲ့လူဟာ ဝေဒနာကြောင့် အသံပါပျောက်သွားခဲ့သည်။

သူ့ရှေ့မှာ ဖြစ်ပျက်နေသမျှ အရာအားလုံးက သွေးနီရောင် ပန်းချီကားချပ်တွေနောက်မှာ ဖုံးကွယ်ထားပေမယ့် ချန်လီကောရဲ့ နှလုံးသားထဲမှာတော့ မျက်ရည်တွေနဲ့ ပြည့်လျှံနေတော့သည်။ သူအသံအဆုံး အော်ဟစ်လိုက်သည်။ “ဒယ်ဒီsystemရေ! အဖေ့သားအတွက် ဘယ်လိုကမ္ဘာမျိုးများ ရွေးခဲ့တာလဲ!"

စနစ်က တည်ငြိမ်စွာဖြင့် "သား၊ အဲ့ဒါ ကျပန်းပဲ"

ချန်လီကောက "ငါမင်းကိုမယုံဘူး!!"

စနစ်က "ငါအမှန်တိုင်းပြောနေတ--"

'ဝါးးးး' ဖြင့် ချန်လီကော စတင်ငိုယိုပြီး "မင်းရွေးပေးတာမှ ကောင်းအုံးမယ်" ဟုပြောလိုက်သည်။

ထို့နောက် မျက်နှာပေါ်တွင် ပုံစံကွက်ရှိသည့် အဘိုးအိုက ချန်လီကောအား ဗလုံးဗထွေး ပြောဆိုလာသည်။ သူကြည့်ရတာ အလွန်စိတ်လှုပ်ရှားနေပုံရပြီး စင်အောက်က လူအုပ်ကြီးကလည်း စိတ်လှုပ်ရှားလာကြသည်။

Perfect Destiny Arc-10 {​ဘာသာပြန်}Donde viven las historias. Descúbrelo ahora