Ch. (2) အမဲလိုက်ခြင်း/ အမဲလိုက်ခြင်း

458 59 5
                                    

Unicode

ရှေးဟောင်းလူ့အဖွဲ့အစည်း အရမ်းကောင်း! (2)

ချန်လီကောမနိုးခင် လန်ချင်းအရင် နိုးလာခဲ့တယ်။

သူ့အစေခံလေး ဘေးမှာအိပ်နေရက်သားနဲ့ သူနိုးလာခဲ့တယ်။

ဒီအစေခံလေးဟာ နှုတ်ခမ်းနဲ့လည်ပင်းတစ်ဝိုက်မှာ ထင်ရှားတဲ့အမှတ်အသားတွေနဲ့ သူ့လက်နှစ်ဖက်ထဲမှာ ကွေးလေနေတယ်။ သူ့ရဲ့ရှည်လျားတဲ့ မျက်တောင်တွေ အနည်းငယ် တုန်ခါသွားပြီး အိပ်မက်ဆိုးမက်နေပုံပင်။

လန်ချင်းက သူ့အစေခံလေးကိုနှိုးပြီး အလုပ်သွားလုပ်ခိုင်းသင့်ပေမဲ့ မနှိုးဘဲ အိပ်ရာပေါ်ကနေ ဂရုတစိုက်ထကာ အဖြူရောင်ဝမ်းဗိုက်သားလေးကို သားမွေးအပိုင်းအစနဲ့ ဖုံးအုပ်ထားလိုက်သည်။

ချန်လီကော မွန်းတည့်ချိန်အထိ အိပ်နေခဲ့သည်။

အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်လိုက်တဲ့အခါ နှာခေါင်းထဲမှာ စားစရာအနံ့တွေ ရလာခဲ့သည်။

"ထတော့" လန်ချင်းက အော်လိုက်သည်။

ချန်လီကော ခက်ခက်ခဲခဲ မျက်လုံးဖွင့်ကြည့်လိုက်တော့ လန်ချင်းကသူ့ကုတင်ဘေးမှာ ရပ်နေတာကို တွေ့လိုက်ရသည်။

သူ့မျက်လုံးတွေက မူလက အိပ်ငိုက်နေပေမဲ့လည်း လန်ချင်းသူ့ရှေ့မှာ ရပ်နေတာကို သိလိုက်ရတဲ့အခါ ချက်ခြင်း ထိတ်လန့်သွားတော့သည်—မနေ့တစ်နေ့က လန်ချင်းသူ့အပေါ် လုပ်ခဲ့တဲ့အရာကို ကြောက်ရွံ့သွားခဲ့သည်။

"ဘာကိုကြောက်တာလဲ?" လန်ချင်းက ချန်လီကောရဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုကို မြင်လိုက်ရသည်။ ဒီအကြောက်တရားက သူ့ကို အရမ်းစိတ်ပျက်စေတယ်။ သူလက်လှမ်းပြီး ချန်လီကောရဲ့ မေးစေ့ကို အုပ်ကိုင်လိုက်သည်။ သူ့လေသံဟာလည်း အေးစက်လာသည်။

ချန်လီကောက ကြောက်နေပေမဲ့ ပုရောဟိတ်တစ်ယောက်အနေနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကြောင့် အိပ်ရာပေါ်က ကုန်းထလာခဲ့သည်။ စောင်ဟာပြုတ်ကျသွားပြီး သူ့ခန္ဓာကိုယ်ပေါ်က ဖုံးအုပ်ထားတဲ့အမှတ်တွေကို ဖော်ထုတ်လိုက်သည်။ ဒီအမှတ်အသားတွေက သူ့ရဲ့ ဖြူစင်လှတဲ့ အသားအရေပေါ်မှာ အရမ်းကိုစွဲဆောင်လွန်းပါတယ်။ ပုံမှန်ဆို ဒီလိုအမှတ်အသားတွေက လူတွေကို တစ်ဖက်လူအပေါ် အလိုလိုက်ချင်စိတ်ဖြစ်စေနိုင်ပေမဲ့ လန်ချင်းရဲ့ မျက်လုံးရှေ့က လူဟာအစေခံ တစ်ယောက်သာ- ဘယ်သူမှ အစေခံအပေါ် အလိုလိုက်နေမှာမဟုတ်လို့ လန်ချင်းရဲ့အမူအရာမှာ ပိုနက်နဲလာသည်။ အခြားလှုပ်ရှားမှုမှ မလုပ်။

Perfect Destiny Arc-10 {​ဘာသာပြန်}Donde viven las historias. Descúbrelo ahora