အခန်း - ၂

1.8K 135 24
                                    

[ Unicode]

" ကျုပ်နာမည်က ရှောင်ရှောင်းကျန့် ၊ နာမည်ကရှည်တယ် ခေါ်ရခက်ရင် အလွယ်တကူ ကျုပ်ကို မောင်လို့ ခေါ်နိုင်တယ် "

လေသံမှာမမာသော်လည်း မနူးညံ့ချေ။ ရုပ်တည်ကြီးဖြင့် ရိသဲ့သဲ့ပြောလာသည့်ပုံစံက ဇောက်ကန်းကန်း ။

" ဟင် "

" ပြောနေတာမကြားဘူးလား ကျုပ်နာမည်ကရှည်တယ် အဲ့တော့ ‘မောင်’ လို့ခေါ် "

" ဟင် "

" ‘ဟင်’ပြန်ပြီလား ! ကျုပ်နဲ့တွေ့လို့ အဲ့သည့်ဟင်ဆိုတဲ့စကားကိုထပ်သုံးရင် ခင်ဗျားနှုတ်ခမ်းတွေပေါက်ထွက်တဲ့အထိကျုပ်နမ်းပြမယ် "

ဝမ်ရိပေါ် ထိုလူရွယ်နှင့်တွေ့ကာမှသုံးကြိမ်သုံးခါတိုင်တိုင်ဟင် ခဲ့ရချေသည် ။ ရုပ်တည်ကြီးဖြင့်စနောက်နေသည်မပေါက်တဲ့ပုံစံက ထပ်မံ၍ ဟင် ဟုသာပြောမိလျှင်ထိပ်တုံးကြီး ရိုက်ချိုးပြီးလူကိုခုန်အုပ်တော့မည့်ကျားရိုင်းကြီးအတိုင်း။

" မင်းကဘယ်သူလဲ ၊ လူကိုစကားပြောမရိုင်းနဲ့နော်!"

စတွေ့ကတည်းကအစ ကိုယ်ကဘဲမာန်မဲခံနေရတာမို့စိတ်ကလေးဟာတော့အနည်းငယ်ဖျင်းကနဲဖြစ်ခဲ့ရတာအမှန်ပင် ။

နွေဦး၏ နေပူပူအလည် ကံ့ကော်ပင်ကြီးအောက်တွင်စကားများရတော့မည့်အကြောင်းဖန်လာရသည်လားမသိချေ။ ကိုယ်ကဧည့်သည်ဖြစ်ပြီး အကြီးပီပီမည်သည်မျှမပြောဘဲ အလျှော့ပေးသည့်သဘောဖြင့်ထိုလူရွယ်အားကျောခိုင်းပြစ်လိုက်တော့သည်။

" ဟေ့ "

" ... "

အနောက်မှခေါ်သံကြားသော်လည်း လှည့်မကြည့်မိချေ ။

" ဟေ့ ခင်ဗျား ! "

" ... "

ထိုလူရိပေါ်ကိုသပ်သပ်မဲ့များရန်စချင်နေတာလား မသိ ။ သည်နေရာကိုကိုယ့်ခြေထောက်ဖြင့်ကိုယ်လျှောက်လာမိသည်ကို ရိပေါ်အပြစ်တင်မိသွားသည်။

" မောင့်ကံ့ကော်လေး "

" ... "

ဩရှရှအသံဖြင့်မလိုက်ဖတ်စွာထွက်လာသည့် နူးနူးညံ့ညံ့အခေါ်အဝေါ်လေးကြောင့် ရိပေါ်ခြေလှမ်းများတုံ့ကနဲရပ်တန့်လိုက်မိသည်။

မောင့်မူပိုင်Where stories live. Discover now