အခန်း - ၇

1.7K 135 14
                                    

[ Unicode]

ခပ်မှိုင်းမှိုင်းရာသီဥတုဖြင့် မိုးကခပ်အုံ့အုံ့ ။ နွေရာသီတွင် မိုးအုံ့ချေသောကြောင့် နေရသည်မှာအေးစိမ့်စိမ့်ဖြင့်သက်တောင့်သက်သာရှိလှသည် ။

ဒီလိုအချိန်အခါမျိုးကို ရိပေါ်တကယ်သဘောကျလှသည် ။ မိုးသည်ဆွေသော်လည်းမရွာ လေပြင်းအချို့တိုက်ခက်ကာ ညှို့မှိုင်းမှိုင်းဖြစ်နေသောဤရာသီဥတုကိုအလွန့်ပင်သဘောကျသည် ။ စိတ်ထဲဆွေးမြေ့ကာ တွေး၍ကောင်း နေ၍ကောင်း၏။

ယခုပင် ရိပေါ်သည်အိမ်အရှေ့အမိုးအောက်တွင်ကျောလှဲ၍ရသည့်သစ်သားခုံကလေးကိုချကာ ဆရာတက္ကုသိုလ်ဘုန်းနိုင်၏ စာအုပ်တစ်အုပ်ကို ကော်ဖီကလေးတမြေ့မြေ့ဖြင့် ဖတ်နေမိ၏။  အချိန်တစ်ခုထိအကြာတွင် တဖွဲဖွဲသာရှိသောနဂိုမိုးမှာ သဲသဲမဲမဲရွာချလာချေတော့သည် ။ ထိုင်နေသောခုံအားအိမ်ဘက်သို့အနည်းငယ်ရွှေ့ပြောင်းကာနေရာပြန်ယူလိုက်သည် ။

ထို့‌နောက် အကြည့်များအား တသဲသဲရွာနေသောမိုးစက်များဆီသို့ရောက်ရှိသွားရ၏။ ထိုအချိန်တွင်ဘဲ မိုးစက်များကြားမှကိုယ်ထည်တစ်ခုဟာမြင်လွှာအတွင်းထိုးဖောက်ဝင်ရောက်လာခဲ့သည် ။ တဖြည်းဖြည်းနီးကပ်လာသောကိုယ်ထည်တွင် ရေများရွဲရွဲစိုကပ်နေသောစွပ်ကျယ်အဖြူလေးကအတိုင်းသားပင် ။ ခပ်ထွားထွားရင်အုပ်ကျယ်ကျယ်နှင့်အတူ ခါးကျစ်ကျစ်ကာသွယ်လျစွာရှိနေသေးသည် ။ ‌ဒူးပြဲဂျင်းဘောင်းဘီအရှည်ဖြင့် ထိုလူငယ် ။

အနားသို့ရောက်လေ ပို၍ပီပြင်လာသောကိုယ်နေဟန်ထားအရ မည်သူလဲဆိုတာရိပေါ်အစကတည်းကထင်ထားပြီးသားပင်။ ခပ်စိမ်းစိမ်းနှုတ်ခမ်းမွှေးစစများနှင့် မို့သူ့ပုံစံကကြမ်းကြမ်းတမ်းတမ်း ။ ဖတ်လက်စစာအုပ်တွေအားကောက်ယူကာထိုင်ရာမှထရင်း အိမ်ထဲသို့ခြေလှမ်းသွက်သွက်ကလေးလှမ်းမိသည် ။

" အိုး .. ! အမေ့ "

" ဒါကဘယ်ပြေးမှာလဲ မောင့်အသက်ဆက်ဆေးလေး "

ရိပေါ်၏ကိုယ်လုံးကလေးအားနောက်ကမှနေ၍သိုင်းဖက်ပွေ့မမူကိုခံလိုက်ရသည် ။ တစ်ဆက်တည်းရေတွေရွဲစိုနေသည့်ရင်ဘတ်ပြင်ကျယ်ကျယ်ကြီးတွင်ကျောပြင်ကလေးကကပ်လျက် ။ ရိပေါ်၏ကိုယ်လုံးကလေးသည်ထိတ်လန့်မှုကြောင့်တုန်တုန်ရီရီ ။

မောင့်မူပိုင်Where stories live. Discover now