[ Unicode ]
" ဘာ ! "
" ကျုပ်ပြောတာကြားလိုက်တယ်မလား ။ အဲ့အတိုင်းဘဲ "
ယခုကျုပ်ဖြစ်လိုက် ။ ယခင်မောင်ဖြစ်လိုက်ဖြင့် နာမ်စားအမျိုးမျိုးကိုအသုံးပြုလျက်ရှိသောထိုလူရွယ်ကို ရိပေါ်မြင်ပြင်းကပ်လှသည် ။
ကံ့ကော်နံ့သင်းသင်းလေပြေကို ခပ်ပြင်းပြင်းရှုပြစ်လိုက်ကာ ထိုလူကြမ်းကောင်အားမျက်မှောက်ကလေးကြုတ်လို့ကြည့်လိုက်ရင်း ။
" မင်းကောင်လေး မလုပ်ချင်ဘူး "
" ဒါဆို .. ရှောင်းကျန့်ကောင်လေး လုပ် ! "
ရိပေါ်ပြောစရာစကားများသည် နှုတ်ဖျားမှနေ၍ပြန်လည်ဝင်သွားကြရ၏။ ထိုစကားတတ်လွန်းသောလူရွယ်အားပြန်လည်ချေပစရာစကားမရှိတော့ချေ ။
ဘာကွာသွားတာကျနေတာဘဲ..။
" မင်း ကို မချစ်ဘူး "
" မချစ်ရင် ကြမ်းမယ်ခင်ဗျားကို ! "
" ဟင် .. အင့် ! "
ရုတ်ချည်းဆိုသလိုပင်ရိပေါ်၏ကိုယ်လုံးသွယ်သွယ်သည် သူ့လက်မောင်းကြီးများကြားဖျစ်ညှစ်၍ချုပ်ဖက်ခံလိုက်ရတော့သည် ။ ခါးသိမ်သိမ်ကိုလက်တစ်ဖက်ဖြင့်အားရပါးရ ညှစ်ဖက်ထားကာလူချင်းကိုလည်းပို၍နီးကပ်နေစေသည့်သူကအကြမ်းပတမ်း။ လက်တစ်ဖက်သည်ကားပါးဖောင်းလေးနှစ်ဖက်အားဖျစ်ထားကာနှုတ်ခမ်းကလေးအားဆူထွက်နေစေသည် ။
" မင်း! လွှတ် .. လွှတ် "
ပါးများအားညှစ်ထားခံရတာမို့ အသံညံညံကလေးကမပီမသကလေးဖြင့်သာ ။
" ပြော ..! မောင့်ကိုချစ်လား "
မျက်နှာချင်းသည် အလွန့်ကိုပင်နီးစပ်နေသည်မှာတစ်ဖက်လူ၏ထွက်သက်နွေးနွေးသည် ရိပေါ်၏မျက်နှာကလေးထံရိုက်သမ်းသွားချေသည်။ ထိုသို့သောအခြေအနေကြီးသည် ရိပေါ်လိုလူပျိုကလေးအတွက်တော့ အလွန့်ကိုပင် ရှက်ချင့်စဖွယ်။
" မချစ်ပူး ..! "
အသံကလေးကမပီမသကလေးဖြင့်မို့ ကြားရသူအဖို့အူယားစဖွယ်ကောင်းလှ၏။ နီစိုစိုနှုတ်ခမ်းပါးကလေးများသည် ရဲထွေးနေသည်မို့ မြင်ရသူများရေငတ်ချင်စရာ ။ ယခုလိုပင် ခပ်စူစူဖြစ်နေပုံကလေးသည် နှုတ်ခမ်းထွေးထွေးကလေးအားဝါးမြိုချင်စရာ ။
