Description

16 1 1
                                    


မှတ်ချက်။   ။ နာမည်များကို အနီးစပ်ဆုံး ဘာသာပြန်ထားပါသည်။ Novel Update မှ ဘာသာပြန်ယူခြင်း ဖြစ်သည့်အတွက် မူရင်းဝတ္ထုနှင့် ကွဲလွဲမှု အနည်းငယ် ရှိနေနိုင်ပါသည်။ အနီးစပ်ဆုံး သင့်လျှော်အောင် ကြိုးစားထားသော်လည်း အဆင်မပြေသည့် နေရာနှင့် လွဲမှားနေသည့် နေရာများရှိလျှင် လွတ်လပ်စွာ ဝေဖန်နိုင်ပါသည်။

ရှရှင်းချီ (Xia Xingchi) သည် သေဆုံးသွားပြီး စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းရောက်ရှိကာ ချမ်းသာသည့် မိသားစုမှ မွေးစားခံရ၍ ချက်ချင်းပင် သူဌေးသား သခင်ငယ်လေးမဖြစ်လာခင်က လွန်စွာမှဆင်းရဲမွဲတေခဲ့သည်။

နှမြောစရာကောင်းသည်က စာအုပ်ပါအကြောင်းအရာများသည် ကိုယ်ကျင့်တရားမဲ့ပြီး စံနှုန်းများလွဲချော်ကာ ပုံပျက်ပန်းပျက်ဖြစ်​ပုံများကတော့ သူသည် ဇာတ်လိုက်၏ ဇာတ်လမ်းဇာတ်ကွက်များကို ခိုးယူခဲ့သည့် အမြှောက်စာခံ အတုအယောင်သခင်လေး ဇာတ်ကောင်ထဲ ရောက်ရှိနေခြင်းပင်။

ရှရှင်းချီသည် အဖေ၊အမေတို့ထံမှ အချစ်မခံရသည့်အပြင် ချည့်နဲ့ကျန်းမာရေးမကောင်းသည့် အယုတ်တမာ Big Bossကြီးနှင့် လက်ထပ်ဖို့ အတင်း အကြပ် ဖိအားပေးခံခဲ့ရသည်။ အကယ်၍ သူသာ ဒီ ဖိအားပေးလက်ထပ်ပွဲမှ လွတ်မြှောက်နိုင်ခဲ့လျှင် သူ့အတွက် အဆုံသတ်လေးလှပသွားပေလိမ့်မည်။ စေ့စပ်ပွဲအခမ်းအနားတွင် အတုယောင်သခင်လေးသည် ဒီလက်ထပ်ပွဲမှ အဓိပ္ပာယ်ရှိရှိ လွတ်မြောက်နိုင်ဖို့ အစီအစဉ်တွေဆွဲ ထောက်ချောက်တွေချတော့၏။ ဒါပေမယ့် သူကိုယ်တိုင်လည်း မမျှော်လင့်ထားမိပဲ သူ့မျက်ဝန်းတွေက အရောင်တလက်လက်နဲ့ စိတ်လှုပ်ရှားပြီး ပြောမိသွားတာက

"ဟေး၊လောင်ကုန်း"

ရောက်ရှိလာသည့်သူက မသေမျိုးအလားပဲ၊ ပြီးပြည့်စုံခြင်းထဲကနေမှ ကျယ်ပြန့်တဲ့ ပခုံး ပြီးတော့ ရှည်လျှားတဲ့ ခြေထောက်တွေ...သိုက်တူးသမားလေးကတော့ အဲ့အရာတွေကို စိတ်မဝင်စားခဲ့ပေ။ သူ့မျက်ဝန်းထဲမှာတော့ သူ့ရဲ့ သတို့သား လီချန်းယွမ် (Li Chengyuan) ဟာ တစ်လက်လက်တောက်ပနေတဲ့ လူသား ငွေထုတ်စက်ကြီးပါပဲ။

You've reached the end of published parts.

⏰ Last updated: Feb 08, 2023 ⏰

Add this story to your Library to get notified about new parts!

ကျန်းမာရေးချို့တဲ့သည့် ဗီလိန်ကြီးနှင့် သိုက်တူးသမားလေးတို့၏ လက်ထပ်ခြင်းWhere stories live. Discover now