ကျွန်တော် အခုတလော ကျွန်တော်ဘဝနဲ့ ဘယ်တော့မှမသက်ဆိုင်တော့မဲ့လူတွေကို သတိရနေမိတယ် … ကျွန်တော့်အဘွား ပြီးတော့ အစ်ကို … ။
ဘယ်တုန်းကမှ မပတ်သတ်ခဲ့ကြဖူးသူတွေလို ထားသွားခဲ့ပြီးမှ
" ဆောရီး ကလေး … ကိုယ်ထွက်သွားရတော့မယ် " ဆိုတဲ့စကား အစ်ကို ကျွန်တော့်ကို ဘာဖြစ်လို့လာပြောသေးတာလဲ … တစ်ခါသေပြီးသားလူလဲ နောက်တစ်ခါထပ်သတ်ရင် ထပ်သေပါတယ် … ။ဟာသတွေက အစ်ကိုပေးခဲ့တဲ့ဒဏ်ရာတွေလောက် မရယ်ရဘူး … ကျွန်တော့်မှာ ဒီဒဏ်ရာတွေကို ပိုးမွေးသလိုမွေးမြူရင်း အချိန်တွေ တစ်ရက်ပြီး တစ်ရက် … ။
ကျွန်တော်ဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင် ဘယ်တော့မှကံမကောင်းတတ်ဘူး … အဲ့ဒါကြောင့် ကျွန်တော့်ဘဝထဲ အစ်ကို့ကို အတင်းဆွဲမခေါ်ရက်ခဲ့တာ … အစ်ကိုလဲ အစ်ကိုပင်ပန်းရမှာကိုသိလို့ ကျွန်တော့်ကို မခေါ်ပဲ စောင့်ခိုင်းခဲ့တာ မဟုတ်လား … ။
ကျွန်တော် က အမှတ်မရှိပါဘူးလို့ ကျွန်တော်ပြောဖူးတယ်… အခုလဲ အမှတ်မရှိစွာနဲ့ပဲ အစ်ကို့ကိုစောင့်နေတုန်း … ။
အကယ်၍များ နောက်တစ်ခါဆိုတာ ရှိလာခဲ့ရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို မချစ်ပါနဲ့ … ။