ဒဏ်ရာ ၁၁

10 0 0
                                    

" သို့ … "

အဝေးကြီးမှာ ပျော်နေပြီလား … ။ အစ်ကို က နဂိုကတည်းက ပျော်ပျော်နေတတ်တော့ ကျွန်တော်မရှိလဲ ပျော်နေမှာပါ … ။အစ်ကို့ကို ကျွန်တော် ပြောစရာတွေအများကြီးရှိတယ် ဒါပေမဲ့ ဘာပြောရမယ်မှန်း မသိဘူး … ။

လူတိုင်းအပေါ် နားလည်နိုင်တဲ့အစ်ကိုက ကျွန်တော့်ကိုတော့ နားမလည်ဘူး တဲ့ … ။ ဘယ်လောက် နာနာကျင်ကျင် ရယ်ပစ်လိုက်ဖို့ ကောင်းလဲအစ်ကိုရယ် … ။

" သတိရရင်ဖုန်းဆက်ပေါ့ " တဲ့ … ။
သတိတော့လဲရပါတယ် ဒါပေမဲ့ ဖုန်းတော့မဆက်တော့ပါဘူး အစ်ကိုရယ် … ။ ကျွန်တော့်ကြောင့် အစ်ကို့အချိန်နည်းနည်းလေးကိုမှ အလကားမဖြစ်စေချင်ဘူး … ။

ရေသောက်ပြီးအရက်လိုမူးပစ်ချင်တယ် အစ်ကိုရယ် … ။
" အစ်ကို့ကိုချစ်တယ် " လို့ အကျယ်ကြီးအော်ပစ်ချင်တယ် … ။

ဘဝမှာ " အမေ အဖေ " လို့ ခေါ်ခွင့်မရခဲ့ပေမဲ့ အစ်ကို့နာမည်လေးတော့ ခေါ်ခွင့်ရချင်ခဲ့သေးတာ … ။ ချစ်ခြင်းမေတ္တာမှာ ဘယ်တုန်းကမှမပြည့်စုံခဲ့ဖူးတော့ နောင်လဲပြည့်စုံလာဖို့ မမျှော်လင့်ရဲဘူး အစ်ကိုရဲ့ … ။

ကျွန်တော့်ရှေ့မှာ ပျော်နေတဲ့လူတွေမြင်တိုင်း ကျွန်တော် ခိုးခိုးငိုမိတယ် … ။ အစ်ကိုသာရှိရင် ထုံးစံအတိုင်း ဆူအုံးမှာပါပဲ … ။

လွမ်းတယ် အစ်ကိုရယ် … ။ စိတ်ထဲမှာ ခဏလေးဖြစ်ဖြစ် ကျွန်တော့်အကြောင်းတွေးမိရင် အတင်းမောင်းမထုတ်လိုက်ပါနဲ့ … ။

ကျွန်တော်ကတော့ အစ်ကို့နာမည်ကိုခေါင်းစဉ်တပ် စာတွေရေးပြီး ဘာမှမဖြစ်ချင်ယောင်ဆောင်နေအုံးမှာ … ။

23218307

ပြိုလဲခြင်း ဒဏ်ရာများWhere stories live. Discover now