မနက်ခင်းတွေမှာ နဖူးကိုဖွဖွလေးနမ်းပြီး
''မောနင်း အကို''လို့ ပြောရမဲ့အစား သတိရစိတ်တွေကိုတိမ်တွေနဲ့ချည်လွှတ်လိုက် မယ် အကိုရှိရာရွာပါစေ ... ။လွမ်းရဲလို့လမ်းခွဲခဲ့တာမဟုတ်ဘူး
မလွမ်းရက်လို့မျက်စိစုံမှိတ်ခဲ့တာပါ ... ။မပိုင်ဆိုင်ရလဲတမ်းတခွင့်တော့ရှိတယ်မဟုတ်လား ... ။
အမှတ်မထင်နှိပ်မိလိုက်တဲ့missed callလေးနဲ့တင် နေ့ရက်တွေစိုပြေခဲ့ရ .... ။
အရံလူဖြစ်နေလည်း
အကို့အပြုံးတွေကြောင့်နေပျော်ခဲ့ရ ... ။နောင်သံသရာမှာဘာဖြစ်ချင်လဲမေးရင်
အကို့ထီးလေးဖြစ်ချင်တယ် ... ။