"Park ChanYeol shi! Park BaekHyun shi! ဂုဏ်ယူပါတယ် Park baekhyun shiမှာ ကိုယ်ဝန်ရှိနေပြီး"
"........" ".........."
chanyeolရောbaekhyunဆီက တုန့်ပြန်သံမကြာရဘဲ ကျောက်ရုပ်တွေပမာ ငြိမ်သက်နေကြသည်
"Park Chanyeol shi!"
Dr.ဆီကသတိပေးသံကြားမှ chanyeolအသိပြန်ဝင်လာခဲ့သည်
"na nae! စောနက ဘာပြောလိုက်တာလည်း Dr. ကျွန်တော့အမျိုးသားမှာ ကလေးရှိနေတယ်လို့ဆိုလိုတာလား"
"ဟုတ်ပါတယ် Park baekhyun shiရဲ့ဗိုက်ထဲမှာ ခင်ဗျားမျိုးစပ်လေးရှိနေပါတယ်"
"Dr. တကယ်ဘဲ! hyunee ကြားလား Dr.ပြောတာ"
chanyeolအသံတွေကသိသိသာသာကိုပင် တုန်ခါနေပြီး စိတ်လှုပ်ရှားနေမှန်းသိသာသည်
"ငါကြားတယ် မောင် ငါ့ဗိုက်ထဲမှ နောက်ထပ်ငါတို့ရဲ့နောက်ထပ်ရင်သွေးလေးရောက်နေပြီးဆိုတာ ငါကြားတယ် မောင်"
chanyeolရော baekhyunပါ တစ်ယောက်ကိုတစ်ယောက် မျက်ရည်တွေတွဲခိုနေသော မျက်ဝန်းများနင့် ကြည့်နေကြသည် မျက်နှာမှာလည်းအပြုံးတွေကတောက်ပလို့နေသည်
"Park Baekhyun shiကအမျိုးသားကိုယ်ဝန်ဆောင်ဖြစ်တဲ့အတွက် လိုအပ်တဲ့ဆေးစစ်မှုတွေကိုမဖြစ်မနေလုပ်ရလိမ့်မယ်
Park baekhyun shi အရင်က ပြဖူးတဲ့OGရှိရင် သူနဲ့ဘဲ ပြန်ပြဖို့ပြောခြင်တယ်""ဟုတ်ကဲ့ Dr. "
"အေ အေ ဒါဆို ကိုယ်နောက်ထပ်လူနာတွေရှိသေးလို့သွားလိုက်ဦးမယ် အေးဆေးပျော်ကြ"
"ဟုတ်ကဲ့"
Dr.ထွက်သွားတာနဲ့ ကျောက်ရုပ်လို ရပ်နေသော မောင်သည် သူ့မျက်နှာချင်းဆိုင်နေရာတွင် ထိုင်ကာ သူ့အား တယုတယပွေ့ဖက်လာသည်
စကားတစ်ခွန်းမှမဆိုဘဲ ဒီတိုင်းပွေ့ဖက်ထားနေရင်းမှ သူ့ပုခုံးပေါ် ကျရောက်လညသည့် စိုစွတ်စွတ်အထိအတွေ့ကြောင့် မောင်ငိုနေမှန်းသိသွားရသည်"မောင် "
"............."
"မောင်"
"........."
သူတစ်ခါခေါ်လေ မောင်က သူ့အားပိုတိုးဖက်လာလေမို့ baekhyunဘာစကားမှထပ်မဆိုတော့ဘဲ မောင့်ကျောပြင်အားပြန်ပွေ့ဖက်ထားလိုက်သည်
YOU ARE READING
Perfect Life (S2 of Limit Infinity) Complete
Fanfictionဒါလေးက Limit Infinity ရဲ့ အဆက် S2လေးပါနော် ဒါလေးကို merried lifeလေးပါ