🤎

860 50 4
                                    

Memories of EDINBRUGH(HEEHOON)

အယ်ဒင်ဘရာရဲ့ လှပ​တဲ့မှတ်ဥာဏ်​တွေ

For Hee's Birthday Special Oneshot

အယ်ဒင်ဘရာဆိုတာက စ​ကော့တလန်ရဲ့မြို့တစ်မြို့ဖြစ်ပြီး မြို့လည်ခေါင်က ရဲတိုက်ကြီးနဲ့ သက်တမ်းရင့် အလယ်ခေတ်လက်ရာ အဆောက်အဦးတွေ၊မြို့ဟောင်းနံရံတွေ၊ မြောက်အိုင်ယာလန်ကုန်းပြင်မြင့် အခေါင်အဖျားဆီက နှင်းတောင်တန်းတွေနဲ့ ကမ္ဘာမှာနာမည်ကြီးလှတဲ့စ​ကော့တစ်ရှ်ဝီစကီကိုချက်လုပ်​ရောင်းချတဲ့လှပတဲ့မြို့ဖြစ်တယ်။

သမိုင်းအ​ထောက်အထား​တွေအရလူသေအလောင်းတူးပြီး ဆေးကျောင်းကို ရောင်းစားခဲ့ကြသူတွေ၊လူ့အရေပြားနဲ့ ချုပ်ထားတဲ့ လူသတ်သမားရဲ့ပိုက်ဆံအိတ်အကြောင်း​တွေ၊ ဥရောပတခွင်ကို အထိနာစေခဲ့တဲ့ Black Death ဆိုတဲ့ ပလိပ်ရောဂါကို ရင်ဆိုင်ကြရပုံတွေ၊ စုန်းမလို့ ယိုးစွပ်ခံရသူတွေ၊အင်္ဂလန်နဲ့ကြားက စစ်ပွဲတွေရယ်

ရေကန်ကြီးထဲက ဒဏ္ဍာရီလာ သတ္တဝါဆိုးကြီးတွေ၊ ဘုရင်အာသာရဲ့ ရာဇပလ္လင်လို့ လူတွေခေါ်ကြတဲ့ မီးတောင်သေကြီးအကြောင်းတွေ၊ ဟယ်ရီပေါ်တာရေးသူ JK Rowling အနေနဲ့ သူစာရေးဖို့ ဒီမြို့လေးမှာ စိတ်ကူးစိတ်သန်းတွေ ဘယ်လိုဘယ်ပုံရှာတွေ့ခဲ့တဲ့အကြောင်းတွေ၊ Game of Throne မှာ ပါတယ်ဆိုတဲ့ ရိုက်ကွင်းနေရာ ရဲတိုက်တွေ၊

စကော့တွေရဲ့ ရိုးရာဂီတ၊ ဝတ်စားဆင်ယင်ပုံ၊ ဒေသထွက်မုန့်တွေ အရက်တွေ သူတို့ရဲ့ ရိုးရာသီချင်းတွေ ဓလေ့ထုံးတမ်း ယုံကြည်မှုတွေ၊တခြားမြို့တွေနဲ့မတူဘဲ ဖော်ရွေဟာသဉာဏ်ရွှင်တဲ့ ဒေသခံတွေ၊ Ghost Tour နဲ့ စကော့ဝီစကီ

မြို့လေးက လှသလောက် အမြဲသပ်ရပ်သန့်ရှင်းနေပြီး လူတွေက ဖော်ရွေ၊ အင်္ဂလိပ်လိုကိုပဲ စကော့တွေရဲ့ ဒေသိယလေသံအသံထွက် ခပ်လေးလေးနဲ့ ​ပြောတတ်ကြတာ​တွေ

Single malt တွေ၊ ဝီစကီအကောင်းစားတွေ ကြည့်လေရာ​နေရာတိုင်းလက်ညှိုးထိုးမလွဲ ၊ အလယ်ခေတ် medieval age က ရဲတိုက်အိုကြီးတွေ၊ကျောက်တုံးတွေနဲ့ ခိုင်ခန့်နေအောင် ဆောက်ထားတဲ့ ထုနဲ့ ထည်နဲ့ အဆောက်အဦးတွေ

ဟယ်ရီပေါ်တာ အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ မြို့လေး၊ ပြီးတော့ သရဲအကြောင်း စူးစမ်းချင်သူတွေအတွက် ညသန်းခေါင် သင်္ချိုင်း Tour တွေနဲ့ပါ ငွေ ရှာတတ်ပြီး နွေရာသီတွေမှာ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပြည့်နေတဲ့ မြို့လေး။

အိမ်တွေက လန်ဒန်နဲ့ ယှဉ်ရင် ဈေးသက်သာတဲ့အပြင် အစားအသောက်တွေ ကောင်းပြီး တောင်တွေ၊ တောတွေ၊ ရာဇဝင် သမိုင်းတွေနဲ့ ခြံရံနေတာ ဈေးသိပ်ကြီးတဲ့ private school တွေလည်း ရှိရဲ့ စကော့တလန်ရဲ့ အယ်ဒင်ဘရာဟာ စိတ်ဝင်စားဖို့ သိပ်ကောင်း​လေရဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~

Ding Dong

" Good Evening Ladies & Gentle Man...

Captain Evan and Entire Crew...

Would like to welcome you on board - British Airways .

This Flight 101 Bound for Edinburgh...

We are now just frew minutes  away from on - time  Departure.

Please take your  Assigned  Seat and  fasten your Seatbelts .

Thank You . "

ကြည်လင်ချိုမြ​နေ​​သော ကပ္ပတိန်ရဲ့ Speechကို ကြားပြီး​နောက် ပတ်​ဆောင်းဟွန်းအနည်းငယ်ကိုယ်ကိုမတ်ကာပြင်ထိုင်လိုက်သည်။ အယ်ဒင်ဘရာကိုမ​ရောက်ခင်သူအိပ်​​ရေး၀ဖို့လိုသည်။ မိဘအ​မွေအနှစ်ဖြစ်သည့် စ​ကော့ဝီစကီချက်စက်ရုံများကိုဦးစီးရင်း နှစ်အနည်းငယ်အကြာထိ လန်ဒန်နဲ့စ​ကော့တလန်ကို 'ဖိုး'အစားတစ်လကိုနှစ်ခါ​လောက်အကူးအသန်းလုပ်ရသည်မှာမဆန်း။ အသက်အရွယ်ရလာ၍ကျန်းမာ​ရေးချို့ယွင်းလာ​သော ဖိုး အားအနားယူ​စေပြီး သူပဲဦးစီးကာ​နေလာသည်မှာ သုံးနှစ်ခန့်ကြာပြီဖြစ်သည်။

အယ်ဒင်ဘရာပြန်​ရောက်​ရောက်ချင်းစီမံရမည့်အ​​ရေးကိစ္စတို့ကို​တွေး​တောရင်း​မှေးခနဲဖြစ်သွားပြီးသိပ်မကြာ အနားကိုလူဖြတ်​လျှောက်သွားသည့်အရိပ်ကမျက်လုံး​ထောင့်မှာဖြတ်ခနဲ​ပေါ်သည်။ ​မှေးထား​သောမျက်လုံးတို့ကိုအသာဖွင့်ကြည့်လျှင် ​လျှောက်လမ်းမှာ​လျှောက်နေသူ၏မျက်နှာကို​သေချာမမြင်ရ။ သို့​သော် Pilot Uniform၏ပခုံး​ပေါ်က ​ငွေ​ရောင်ဘားနှင့်နာမည်ရင်ထိုးတံဆိပ်​ရွှေ​​ရောင်ကလက်ခနဲ။ မြင့်မား​သောအရပ်နှင့်သွယ်လျ​သော​ခြေတံတို့က ယူနီ​ဖောင်းနှင့်လိုက်ဖက်ခန့်ထည်စွာရှိ​နေသည်။ မျက်နှာကို​သေချာမမြင်​တွေ့ရ​သော်ငြားအ​တော်​​လေးကို​ချော​မောမည့်ပိုင်း​လော့တစ်​ယောက်ပါ​ပေ။ ​ဆောင်းဟွန်းထိုင်ခုံအနားသို့​​ရောက်လျှင် ထိုအမျိုးသားက​လျှောက်လှမ်းလာ​နေရာမှခနမျှရပ်တန့်လိုက်ပြီးပြုံးကာပြလာ​လေရဲ့။

" Hello..... Baby! "

"........"

" ကိုကို!"

To be Continue...

It's just three shot EN Fiction. Hope you enjoy. Present for @_GiaMiee_

With Love,

Maybel💜

အယ်ဒင်ဘရာရဲ့လှပတဲ့မှတ်ဥာဏ်​တွေ.......(Completed)Where stories live. Discover now