Memories of EDINBRUGH(HEEHOON)
အယ်ဒင်ဘရာရဲ့ လှပတဲ့မှတ်ဥာဏ်တွေ
For Hee's Birthday Special Oneshot
အယ်ဒင်ဘရာဆိုတာက စကော့တလန်ရဲ့မြို့တစ်မြို့ဖြစ်ပြီး မြို့လည်ခေါင်က ရဲတိုက်ကြီးနဲ့ သက်တမ်းရင့် အလယ်ခေတ်လက်ရာ အဆောက်အဦးတွေ၊မြို့ဟောင်းနံရံတွေ၊ မြောက်အိုင်ယာလန်ကုန်းပြင်မြင့် အခေါင်အဖျားဆီက နှင်းတောင်တန်းတွေနဲ့ ကမ္ဘာမှာနာမည်ကြီးလှတဲ့စကော့တစ်ရှ်ဝီစကီကိုချက်လုပ်ရောင်းချတဲ့လှပတဲ့မြို့ဖြစ်တယ်။
သမိုင်းအထောက်အထားတွေအရလူသေအလောင်းတူးပြီး ဆေးကျောင်းကို ရောင်းစားခဲ့ကြသူတွေ၊လူ့အရေပြားနဲ့ ချုပ်ထားတဲ့ လူသတ်သမားရဲ့ပိုက်ဆံအိတ်အကြောင်းတွေ၊ ဥရောပတခွင်ကို အထိနာစေခဲ့တဲ့ Black Death ဆိုတဲ့ ပလိပ်ရောဂါကို ရင်ဆိုင်ကြရပုံတွေ၊ စုန်းမလို့ ယိုးစွပ်ခံရသူတွေ၊အင်္ဂလန်နဲ့ကြားက စစ်ပွဲတွေရယ်
ရေကန်ကြီးထဲက ဒဏ္ဍာရီလာ သတ္တဝါဆိုးကြီးတွေ၊ ဘုရင်အာသာရဲ့ ရာဇပလ္လင်လို့ လူတွေခေါ်ကြတဲ့ မီးတောင်သေကြီးအကြောင်းတွေ၊ ဟယ်ရီပေါ်တာရေးသူ JK Rowling အနေနဲ့ သူစာရေးဖို့ ဒီမြို့လေးမှာ စိတ်ကူးစိတ်သန်းတွေ ဘယ်လိုဘယ်ပုံရှာတွေ့ခဲ့တဲ့အကြောင်းတွေ၊ Game of Throne မှာ ပါတယ်ဆိုတဲ့ ရိုက်ကွင်းနေရာ ရဲတိုက်တွေ၊
စကော့တွေရဲ့ ရိုးရာဂီတ၊ ဝတ်စားဆင်ယင်ပုံ၊ ဒေသထွက်မုန့်တွေ အရက်တွေ သူတို့ရဲ့ ရိုးရာသီချင်းတွေ ဓလေ့ထုံးတမ်း ယုံကြည်မှုတွေ၊တခြားမြို့တွေနဲ့မတူဘဲ ဖော်ရွေဟာသဉာဏ်ရွှင်တဲ့ ဒေသခံတွေ၊ Ghost Tour နဲ့ စကော့ဝီစကီ
မြို့လေးက လှသလောက် အမြဲသပ်ရပ်သန့်ရှင်းနေပြီး လူတွေက ဖော်ရွေ၊ အင်္ဂလိပ်လိုကိုပဲ စကော့တွေရဲ့ ဒေသိယလေသံအသံထွက် ခပ်လေးလေးနဲ့ ပြောတတ်ကြတာတွေ
Single malt တွေ၊ ဝီစကီအကောင်းစားတွေ ကြည့်လေရာနေရာတိုင်းလက်ညှိုးထိုးမလွဲ ၊ အလယ်ခေတ် medieval age က ရဲတိုက်အိုကြီးတွေ၊ကျောက်တုံးတွေနဲ့ ခိုင်ခန့်နေအောင် ဆောက်ထားတဲ့ ထုနဲ့ ထည်နဲ့ အဆောက်အဦးတွေ
ဟယ်ရီပေါ်တာ အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ မြို့လေး၊ ပြီးတော့ သရဲအကြောင်း စူးစမ်းချင်သူတွေအတွက် ညသန်းခေါင် သင်္ချိုင်း Tour တွေနဲ့ပါ ငွေ ရှာတတ်ပြီး နွေရာသီတွေမှာ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပြည့်နေတဲ့ မြို့လေး။
အိမ်တွေက လန်ဒန်နဲ့ ယှဉ်ရင် ဈေးသက်သာတဲ့အပြင် အစားအသောက်တွေ ကောင်းပြီး တောင်တွေ၊ တောတွေ၊ ရာဇဝင် သမိုင်းတွေနဲ့ ခြံရံနေတာ ဈေးသိပ်ကြီးတဲ့ private school တွေလည်း ရှိရဲ့ စကော့တလန်ရဲ့ အယ်ဒင်ဘရာဟာ စိတ်ဝင်စားဖို့ သိပ်ကောင်းလေရဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~
Ding Dong
" Good Evening Ladies & Gentle Man...
Captain Evan and Entire Crew...
Would like to welcome you on board - British Airways .
This Flight 101 Bound for Edinburgh...
We are now just frew minutes away from on - time Departure.
Please take your Assigned Seat and fasten your Seatbelts .
Thank You . "
ကြည်လင်ချိုမြနေသော ကပ္ပတိန်ရဲ့ Speechကို ကြားပြီးနောက် ပတ်ဆောင်းဟွန်းအနည်းငယ်ကိုယ်ကိုမတ်ကာပြင်ထိုင်လိုက်သည်။ အယ်ဒင်ဘရာကိုမရောက်ခင်သူအိပ်ရေး၀ဖို့လိုသည်။ မိဘအမွေအနှစ်ဖြစ်သည့် စကော့ဝီစကီချက်စက်ရုံများကိုဦးစီးရင်း နှစ်အနည်းငယ်အကြာထိ လန်ဒန်နဲ့စကော့တလန်ကို 'ဖိုး'အစားတစ်လကိုနှစ်ခါလောက်အကူးအသန်းလုပ်ရသည်မှာမဆန်း။ အသက်အရွယ်ရလာ၍ကျန်းမာရေးချို့ယွင်းလာသော ဖိုး အားအနားယူစေပြီး သူပဲဦးစီးကာနေလာသည်မှာ သုံးနှစ်ခန့်ကြာပြီဖြစ်သည်။
အယ်ဒင်ဘရာပြန်ရောက်ရောက်ချင်းစီမံရမည့်အရေးကိစ္စတို့ကိုတွေးတောရင်းမှေးခနဲဖြစ်သွားပြီးသိပ်မကြာ အနားကိုလူဖြတ်လျှောက်သွားသည့်အရိပ်ကမျက်လုံးထောင့်မှာဖြတ်ခနဲပေါ်သည်။ မှေးထားသောမျက်လုံးတို့ကိုအသာဖွင့်ကြည့်လျှင် လျှောက်လမ်းမှာလျှောက်နေသူ၏မျက်နှာကိုသေချာမမြင်ရ။ သို့သော် Pilot Uniform၏ပခုံးပေါ်က ငွေရောင်ဘားနှင့်နာမည်ရင်ထိုးတံဆိပ်ရွှေရောင်ကလက်ခနဲ။ မြင့်မားသောအရပ်နှင့်သွယ်လျသောခြေတံတို့က ယူနီဖောင်းနှင့်လိုက်ဖက်ခန့်ထည်စွာရှိနေသည်။ မျက်နှာကိုသေချာမမြင်တွေ့ရသော်ငြားအတော်လေးကိုချောမောမည့်ပိုင်းလော့တစ်ယောက်ပါပေ။ ဆောင်းဟွန်းထိုင်ခုံအနားသို့ရောက်လျှင် ထိုအမျိုးသားကလျှောက်လှမ်းလာနေရာမှခနမျှရပ်တန့်လိုက်ပြီးပြုံးကာပြလာလေရဲ့။
" Hello..... Baby! "
"........"
" ကိုကို!"
To be Continue...
It's just three shot EN Fiction. Hope you enjoy. Present for @_GiaMiee_
With Love,
Maybel💜
YOU ARE READING
အယ်ဒင်ဘရာရဲ့လှပတဲ့မှတ်ဥာဏ်တွေ.......(Completed)
Fanfiction"ဘ၀တလျှောက်ရဲ့ လှပတဲ့မှတ်ဥာဏ်တွေထဲကမင်း... ငါ့ရဲ့ပျံသန်းနေရခြင်းအကြောင်းအရာတွေတိုင်းက မင်း.... ရှင်သန်နေရခြင်းအကြောင်းတရားက မင်း...." " ကိုကို ကျွန်တော့်ကိုပိုင်ပါတယ်။ အခုရော နောက်ရော သံသရာတစ်လျှောက်လုံး..."