အယ်ဒင်ဘရာရဲ့ ရာသီဥတုက အရမ်းကိုမှပုံမှန်ဆန်လှပေမဲ့ ကိုကိုနဲ့သူ့ရဲ့ အချစ်ရေးကတော့ ပုံမှန်ဆန်လှသည်မဟုတ်။ အကြောင်းရင်းကတော့ ရှေးရိုးစွဲသည့် မိဘနှစ်ပါးကိုပိုင်ဆိုင်ထားသော ဟီဆွန်း၏မိဘများကြောင့်သာပင်။ ဆောင်းဟွန်းမှာ ကိုကို့ကို စတင်ချစ်ခဲ့မိချိန်မှစ၍ မျှော်လင့်ချက်အရမ်းထားလှသည်တော့မဟုတ်ပေ ဟီဆွန်းကတော့ ထိုသို့မဟုတ် ချစ်မိလျှင်ပိုင်ဆိုင်ရမှ ဆိုသည့်အမျိုး ဘေဘီ့ကို သူပိုင်ချင်သည် ဆိုင်ချင်သည် ထို့ကြောင့် မိဘများစိတ်ကျေနပ်စေရန် နေပေးမည်ဟုတွေးသည်။ နှစ်ယောက်ကြားကွာဟနေသော အတွေးအခေါ်တွေနှင့် မိသားစုအခြေအနေတို့က သူတို့အားဝေးကွာဖို့ ဖြစ်စေသည်။ သို့နှင့်ပင်သူတို့၏သမီးရည်းစားဆက်ဆံရေးမှာခေတ္တမျှပြတ်စဲခဲ့ရပါတော့၏။ သို့သော် ဟီဆွန်းက ငါးနှစ်အတွင်း သူ့ဘေဘီကို မျက်ခြေတချက်မှမပြတ်စေရအောင် စောင့်ကြည်ခဲ့ပါ၏။ နောက်ဆုံး မိဘများစိတ်ကျေနပ်စေရန် ငါးနှစ်အတွင်း ကတိအမျိုးမျိုး သူ၏လုပ်ဆောင်ချက်အမျိုးမျိုးဖြင့်သက်သေပြလျက် အဆုံးသတ်တွင်မူကိုယ်ပိုင်လွတ်လပ်ခွင့်ကိုရရှိခဲ့ပါတော့၏။ သူသည် ထူးချွန်သောလေယာဥ်မှူးတစ်ယောက်ဖြစ်လာခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် တိုးလာသော ဆုတံဆိပ်အမျိုးမျိုးနှင့် ယူနီဖောင်းပခုံးထက်က ရွှေရောင်ဘားတံဆိပ်တို့သည်ကား သူ့ကြိုးစားမှူ၏ပြယုဂ်ဖြစ်သလို ဆောင်းဟွန်းအပေါ်ထားရှိတဲ့သူ့ရဲ့ချစ်ခြင်းမေတ္တာမည်မျှလေးနက်မှူရှိသည်ကိုဖော်ပြခြင်းလည်းဖြစ်သည်။ ထူးချွန်လှသောလေယာဥ်မှူးတစ်ယောက်၏ ခက်ခဲပင်ပန်းလှသော လေ့ကျင့်ကြိုးစားမှူတွေအဆုံး ဗြိတိသျှတော်ဝင်လေကြောင်းလိုင်းမှာတာဝန်ထမ်းဆောင်ရဖို့ ဖြစ်လာခဲ့သည်။ တစ်ချိန်က အာဏာစက်ကြီးမားခဲ့သောနေမဝင်အင်ပါယာနိုင်ငံကိုဗဟိုပြု၍ကမ္ဘာအနှံ့ မြေပြင်မှဝေဟင်အထိ အမြင့်ပေပေါင်းသိန်းသောင်းချီမောင်းနှင်နေရင်း နယ်သာလန်မြို့သည် သူ၏ဆိုက်ရောက်ရာ၊ ဘာလင်မြို့သည် သူ၏ဆိုက်ရောက်ရာ၊ ပေကျင်းမြို့သည်လည်း သူ၏ဆိုက်ရောက်ရာ၊ အမိမြေ ဆိုးလ်မြို့သည်လည်းသူ၏ဆိုက်ရောက်ရာအရပ်များသာဖြစ်ခဲ့သည်။ သို့သော် ဆိုက်ရောက်ရာခရီးဆုံးမှတ်သည်ကား တစ်နေရာတည်းသာ ပတ်ဆောင်းဟွန်းရှိသော အယ်ဒင်ဘရာသည် သူ၏ဆိုက်ရောက်ရာခရီးဆုံးမှတ်ဖြစ်ပါ၏။ ကမ္ဘာဘယ်လိုပဲနှံ့စပ်အောင်သွားရပါစေ ချစ်သူရှိသောနေရာသည်ကား သူ့အတွက်အိမ်လေးတစ်ခုနှယ်။
YOU ARE READING
အယ်ဒင်ဘရာရဲ့လှပတဲ့မှတ်ဥာဏ်တွေ.......(Completed)
Fanfiction"ဘ၀တလျှောက်ရဲ့ လှပတဲ့မှတ်ဥာဏ်တွေထဲကမင်း... ငါ့ရဲ့ပျံသန်းနေရခြင်းအကြောင်းအရာတွေတိုင်းက မင်း.... ရှင်သန်နေရခြင်းအကြောင်းတရားက မင်း...." " ကိုကို ကျွန်တော့်ကိုပိုင်ပါတယ်။ အခုရော နောက်ရော သံသရာတစ်လျှောက်လုံး..."