🤎

476 38 6
                                    

And baby, everything that I have is yours
You will never go cold or hungry
I'll be there when you're insecure
Let you know that you're always lovely
Girl, 'cause you are the only thing that I got right now

One day when the sky is falling
I'll be standing right next to you
Right next to you
Nothing will ever come between us
'Cause I'll be standing right next to you
Right next to you

Suggestion Song - Next to you Chris Brown Ft. Justin Bieber

လွန်ခဲ့​သောငါးနှစ်ခန့်က

စကော့ဝီစကီ..

စကော့တလန်ရယ်လို့ဆိုလိုက်ရင် တွဲသိစရာ အကြောင်းအရာ၊ ဖြစ်ရပ်တွေ အများကြီး ရှိနိုင်တဲ့အထဲ သေချာတာတခုကတော့ ကမ္ဘာကျော် Scotch Whisky ကြောင့်ပါပဲ.. အရည်အသွေးကောင်းရုံမက ဝီစကီအစ စကော့တလန်​မြေကထွက်တာမို့ အပြစ်ဆိုစရာတကွက်မရှိ။

ဟိုးတုန်းက ဥရောပမှာ ဝိုင်ချက်နည်း​တွေ စပြီးခေတ်စားလာတော့ စပျစ်သီး မဖြစ်ထွန်းတဲ့ စကော့တလန်မှာလည်း မုယောစပါးတွေ၊ ဂျုံ၊ ပြောင်း၊ အစေ့အဆံတွေကနေ သောက်စရာချက်ကြည့်ကြရာကနေ ဝီစကီချက်နည်း မြစ်ဖျားခံတယ်လို့ ပါးစပ်ရာဇဝင် ရှိကြခဲ့၏။ စစချင်းတုန်းကတော့ ဝီစကီကို စကော့တစ်ရှ် Gaelic လို Uisge Beatha လို့ ခေါ်ကြပြီး လက်တင်လို Acqua Vitae ​ခေါ်တွင်တယ်။ ဘာသာစကားနှစ်ခုလုံးအရ Water of life လို့ အဓိပ္ပါယ်ရတယ်ဆိုတော့ကာ မြန်မာလိုကျ မသေဆေးလို့ ဘာသာပြန်ရမယ်ထင်ရဲ့။

ပြီးတော့ ဝီစကီကို စချက်ကြသူတွေက ခရစ်ယာန်ဘုန်းတော်ကြီးတွေပါတဲ့။ သူတို့ဆီမှာ ဘာသာရေးနဲ့ အုပ်ချုပ်သူလူတန်းစား ပါဝါချိန်ခွင်ညှိချိန်မှာ ဘုရင်က ကျောင်းတော်တွေကို ငွေကြေးဖြတ်တောက်တော့ အရက်ချက်ပြီး ဘုန်းကြီးကျောင်း ရန်ပုံငွေရှာခဲ့ကြရရဲ့။ ၁၅ရာစုနှောင်းပိုင်း သမိုင်းမှတ်တမ်းတွေအရတော့ ဘုရင်က ဘုန်းကြီးကို ဝီစကီချက်ခွင့်ပြုတဲ့စာရှိသည်။ တချို့ကလည်း ၁၁ရာစုကတည်းက ဝီစကီက စတယ်ဆို၏။ ဘယ်လိုနေနေ ကြီးမြတ်သောသမိုင်းကြောင်းများနဲ့ ဝီစကီသည်ကား စ​ကော့တစ်ရှ်၀ီစကီသာဖြစ်​ချေပြီ။

လက်ရှိအချိန်မှာကျ စကော့တလန်ထဲမှာ ဝီစကီချက်စက်ရုံ ၁၀၉ ရုံ ရှိပြီး သတ်မှတ်စည်းမျဉ်းတွေအတိုင်း လိုက်နာထုတ်လုပ်နိုင်မှ Scotch Whisky လို့ ခေါ်ခွင့်ပေးပါသတဲ့။ နမူနာဆို စကော့တလန်ထဲမှာ ချက်တဲ့ ဝီစကီဖြစ်ရမယ်၊ မုယောစပါးအဓိက သုံးရမယ်။ အနည်းဆုံး ဝက်သစ်ချ သစ်သားစည်ပိုင်းထဲ သုံးနှစ်သက်တမ်း သိုလှောင်ပြီးမှ ဈေးကွက်တင်ရမယ်။ ဒီလိုမျိုးနည်းလမ်းတွေနဲ့ သူတို့တံဆိပ်ရယ်နဲ့ ဝီစကီအရည်အသွေးကို ထိန်းရုံမက ဒေသခံတွေအတွက်ပါ အလုပ်အကိုင်အခွင့်အရေး ဖန်တီးပြီးသား ဖြစ်ရတော့တာပါပဲ။တခြားဒေသကသူတွေ လိုက်တုလည်း စကော့တလန်မှာ မထုတ်သ၍ စကော့ဝီစကီလို့ မသတ်မှတ်ကြ​ပေ။ ထိုသို့​သောနိုင်ငံနှင့်အဝှမ်းရှိသည့် ဝီစကီချက်စက်ရုံ​ပေါင်းတစ်ရာ​ကျော်အနက် ​ဆောင်းဟွန်း၏အဖိုးဖြစ်သူက ခုနစ်ဆယ်​ကျော်ကိုပိုင်ဆိုင်ထားပြီး သား​​မြေးအစဥ်အဆက်ဦးစီးကာလုပ်ကိုင်လာကြသည်ပင်။ ​ထိုနှစ်များက ဆောင်းဟွန်းသည် Londonရှိ Pearson University တွင် Travel&Tourism Management Majorကို ပညာသင်ကြား​နေရင်း ဟီဆွန်းနဲ့ဆုံစည်းခဲ့ရတာဖြစ်၏။ သာမန်ထက်ပို၍သာမာန်မဆန်​သောဆုံ​တွေ့မှုတို့သည် ​ကျောင်းပိတ်ရက်တွင် စ​​ကော့တလန်သို့ပြန်ကာ ကိုယ်​နေ​သောမြို့၏ခရီးသွားလုပ်ငန်းကို စာစဥ်တင်ရခြင်းအ​ကြောင်းတရားတို့မှစတင်သည်။

အယ်ဒင်ဘရာရဲ့လှပတဲ့မှတ်ဥာဏ်​တွေ.......(Completed)Where stories live. Discover now