Part 6

461 101 4
                                    


[Zawgyi]

မန့်ချီသည် ရှောင်တုကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချမိသည်။ သခင်ငယ်လေးသည် မီးပုံးပွဲတော်ကို စောင့်မျှော်နေသည်မှာ ကြာလှပေပြီ။ သူ့ကို ပျော်ရွှင်စေရန်အတွက်သာမန်လူများဘဝကဲ့သို့ ရှင်းထန် ဂိုဏ်းသည် မီးပုံးများချိတ်ဆွဲ၍ ကောက်ညှင်းဖက်ထုပ်များကို ပြင်ဆင်ကာ မီးပုံးများနှင့် မီးရှူးမီးပန်းများသည် တောင်ပေါ်တွင် ပြည့်နေပါသည်။ ညီအစ်ကိုများ ပြန်လည်ဆုံစည်းပြီးနောက် ပထမဆုံး မီးပုံးပွဲတော်အတွက် အရှင်သည် သခင်ငယ်လေးနှင့်အတူ လိုက်ပါလာမည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြသည်။

ဘယ်သူထင်ထားမှာလဲ...အရှင်သခင်သည် သခင်ငယ်နှင့်အတူညစာစားပြီးနောက် ဂိုဏ်းမှ ထွက်သွားလေသည်။ သခင်ငယ်လေးသည် သူ့ကို ဆွဲထားရန် ကြိုးပမ်းခဲ့သေးသည်။သို့သော်ရှောင်တု က သူ့ကို ညင်သာစွာ ချော့မော့ခဲ့ပေမယ့် ချော့ပြီးတာနဲ့ သူက အပြင်ထွက်ပြီး မန့်ချီကို ဒီကို ခေါ်လာတုန်းပါပဲ။

မန့်ချီနှင့် ရှောင်တု တို့သည် ရှင်းထန်ဂိုဏ်းတွင် အတူတကွ ကြီးပြင်းခဲ့ပြီး ရှောင်တု၏ အတွေးအချို့ကိုသူမ ခန့်မှန်းနိုင်သည်ဟုထင်သည်။

ရှောင်တု သည် ရှောင်းယုအန်းအတွက် အနည်းငယ် စိတ်ပူနေနိုင်သော်လည်း ဤစိုးရိမ်ပူပန်မှုသည် အချို့သော အချက်အလက်များနှင့် နှိုင်းယှဉ်ပါက အရေးမပါ၍ များစွာ ပြောင်းလဲခြင်းမရှိပေ။ သို့သော် မီးပုံးပွဲတော်မည်မျှလှပပြီး ဟင်းပွဲများ မည်မျှ အရသာရှိစေကာမူ စိတ်ကြွဆေးမိထားတဲ့ အနေအထားရှိ ကြီးကျယ်သော အလှတရား၏ အသွင်အပြင်နှင့် မယှဉ်နိုင်ပေ။

မန့်ချီ က နှုတ်ခမ်းကို ကော့တက်လိုက်ပြီး သူမလည်း အဲဒါကို စောင့်မျှော်နေမိတယ်။ အကေရှားဂူ ၏ အစွမ်းကို သူမထက် မည်သူမျှ မသိနိုင်ကြပါ။

ရှောင်းယုအန်းနဲ့ ကူလုယင် တို့ဟာ သီးခြားအခန်းနှစ်ခန်းမှာနေရင်တောင်အကေရှားဂူ က တိုက်ခိုက်လိုက်တာနဲ့ ရှောင်းယုအန်းကမကူညီနိုင်ဘဲ ကူလုယင်ဆီကိုသွားလိမ့်မယ် ဒါမှမဟုတ် ကူလုယင်ကို အချစ်ရနံ့နဲ့ စွဲဆောင်လိမ့်မယ်။
ယနေ့ညတွင် ပွဲကြီးပွဲကောင်းတစ်ပွဲကြည့်ရတော့မည်ဖြစ်သည်။

The Whole World Is My Crematorium(ဘာသာပြန်)Where stories live. Discover now