Part 16

415 75 3
                                    


[Zawgyi]

ရှောင်းယုအန်း အားနည်းလွန်းပြီး
ဂယောင်ချောက်ချားဖြစ်နေတယ်လို့ ထင်နေ၏။ သူ့မျက်လုံးတွေကိုမှိတ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ ရောင်ပြန်ဟပ်မှုက ရေစီးကြောင်းနဲ့အတူ ညင်သာစွာ လှိုင်းထလာပေမယ့် ပျောက်ကွယ်မသွားပါဘူး။ ထို့နောက်တွင်နွေဦးလေညင်းက သူ့ကို ထိလိုက်သလို ခံစားရစေသည့် ရင်းနှီးနေသောအသံကို ကြားလိုက်ရသည်-
"အားယု"

ရှောင်းယုအန်း လှည့်ကြည့်လိုက်တော့တစ်ဖက်လူ ဧည့်သည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည် ။ ၎င်းမှာ သူ၏ ရှစ်ဇွမ်း - လီရှန်တင်း ပင်ဖြစ်သည်။ မတွေ့ရတာ တစ်နှစ်ခွဲကျော်ပြီလေ။
လီရှန်တင်းသည် သူအမြဲမှတ်မိနေသည့်အတိုင်းပင်။ သူသည် သွယ်လျပြီးကျယ်ပြန့်တဲ့ ကျောပြင်ရှိသည်။ ထိုသူသည် စိမ်းလန်းသော တောင်တန်းများနှင့် အပြာရောင်ရေများ ရောစပ်ထားသည့် ရှည်လျားသော အပြာရောင်ဝတ်စုံကို ဝတ်ထားသည်။ သူ့မျက်ခုံးတွေက တောင်ကုန်းတွေလိုဖြစ်ပြီးသူ့မျက်နှာက ကျောက်စိမ်းလို နူးညံ့တယ်။
ထိုသူက မည်သည့်ကိစ္စမှမဖြစ်ခဲ့သလိုပင် နွေးထွေးနူးညံ့မှုအပြည့်ရှိတဲ့ ဖီးနစ်မျက်လုံးတစ်စုံနဲ့ရှောင်းယုအန်း ကိုကြည့်ကာ "အားယု...ရှစ်ဇွမ်းကို မမှတ်မိဘူးလား?"

ရှောင်းတု ကို ဖယ်ရှားနိုင်ခြင်းကြောင့်ဖြစ်ပေါ်လာသော ရှောင်းယုအန်း၏ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ လီရှန်တင်း သည် ရှောင်းယုအန်းကို သည်းမခံနိုင်သလို အပေါ်အောက် ကြည့်ကာ "အားယု... မင်းဒုက္ခရောက်နေပြီ"

ရှောင်းယုအန်း သည် အလွန်တုန်လှုပ်သွားပြီး ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။ လီရှန်တင်း ရှေ့သို့ တိုးလာကာ ရှောင်းယုအန်း၏ လက်ကောက်ဝတ်ကို ကိုင်၍သူ့သွေးခုန်နှုန်းကို စစ်ဆေးကြည့်သည်။ သူ့မျက်နှာထားမှာ အနည်းငယ်ပြောင်းလဲသွားပြီး စိုးရိမ်ပူပန်မှုတွင် အပြစ်အနာအဆာများ ဖုံးကွယ်နေသည်။

"မင်းရဲ့ဝိညာဉ်သွေးကြောတွေ......ရှောင်းတု လုပ်ခဲ့တာလား"
သူ့လက်ကောက်ဝတ်ပေါ်မှ နွေးထွေးသိမ်မွေ့သော အထိအတွေ့ကြောင့် သူ့ရှေ့တွင် ရပ်နေသောသူသည် အမှန်တကယ်ပင် သူ့ရှစ်ဇွမ်းဖြစ်ပြီးသူ့ကို အသက်ငါးနှစ်မှ ဆယ့်ခုနစ်နှစ်အထိ ပြုစုပျိုးထောင်ပေးခဲ့သူ၊ သူ့အတွက် ထမင်းချက်၊ ကျင့်ကြံနည်းစနစ်များကို သင်ကြားပေးကာ ဝူကွမ်ဖန်းယု ကိုလက် ဆောင်ခဲ့သူဆိုသည်ကိုရှောင်းယုအန်းသေချာ သဘောပေါက်လာခဲ့သည်။

The Whole World Is My Crematorium(ဘာသာပြန်)Where stories live. Discover now