အပိုင်း{၁၇}

114 22 2
                                    

Unicode

"လွမ်းလိုက်တာ ကိုကိုရယ်..."

ခြံတံခါးကိုဖွင့်ပြီးရုံရှိ‌သေး ရင်ခွင်ထဲအတင်းထိုးဝင်လာသော ထိုအမျိုးသမီး။ရင်ခွင်ထဲမှ မငြိမ်မသက်ဖြင့် စကားဆိုနေသော ထိုအမျိုးသမီးမျက်နှာကို သူမမြင်ရသေး။သူကသာ ကိုယ့်ကို လွမ်းနေတာ။ကိုယ်ကတော့ သူ့ကိုမသိ။ရင်ခွင်ထဲက ထိုအမျိုးသမီးကို သူလည်းအတင်းဆွဲဖယ်လိုက်ကာ မျက်နှာကိုသေချာစစ်ဆေးလိုက်သည်။

"ဟင်.!ကေသီနွယ်"

မျက်နှာဝိုင်းလေးဖြင့် မြန်မာရိုးရာအလိုက် သနပ်ခါးကို လိမ်းခြယ်ထားခြင်းမျိုးမဟုတ်ပဲ၊ကာလာမျိုးစုံဖြင့် အလှအပကို ဖော်ကျူးပြသထားသော သူမပုံစံက သူသိခဲ့သော အရင်ကပုံစံနှင့်လုံးဝမတူ။အများကြီးပြောင်းလဲသွားသည်။အရင်ကဆိုသနပ်ခါးမှ သနပ်ခါးကြိုက်တတ်သည့် သူမက ခုတော့ခေတ်နှင့်အလိုက် ခြယ်သထားပုံမှာ လုံးဝမျက်လုံးထဲအမြင်မတင့်တယ်။

ဆံပင်အဖျားများကို လိမ်ထားပြီး ဆေးရောင်စုံဆိုးထားပုံမှာ သူ့မျက်လုံးထဲကန့်လန်ဖြစ်စေသည်။သူလည်း ရှေ့က ကေသီနွယ့်ပုံစံကိုကြည့်ကာ ခေါင်းကို ခါယမ်းလိုက်မိသည်။

"ဘာလို့လဲ ကိုကို၊နွယ် အများကြီးပြောင်းလဲသွားလို့ အံ့ဩနေတာလား"

"မဟုတ်ပါဘူး၊ကေသီ့ပုံစံက ကိုယ့်မျက်လုံးထဲ ကန့်လန့်ဖြစ်နေလို့"

ပွင့်လင်းသော သူမို့စိတ်ထဲရှိ,ရှိရာပြောလိုက်တော့ ပျက်ယွင်းသွားသော ကေသီ့မျက်နှာ။ခုနပြုံးထားသော အပြုံးတွေနေရာမှာ နှုတ်ခမ်းဆူထားမှုဟာ နေရာအပြည့်ယူသွားသည်။တကယ်ပါလေ ရိုးရိုးရှင်းရှင်းလေးတွေကိုပဲ သူအမှန်တကယ်သဘောကျတယ်။နွေးငယ်ပုံစံမျိုးလေးပေါ့။

"ဒါနဲ့...ကေသီတစ်ယောက်တည်းလား"

"ကျွန်မတို့လည်း ပါ,ပါတယ်တော် ကိုယ်တော်ချောကြီးရဲ့"

သူမေးတာက ကေသီ့ကို ကြားလိုက်ရတာက ကားအတွင်းကဖြစ်သည်မို့ သူလည်းအသံလာရာသို့လှမ်းကြည့်လိုက်တော့ မျက်လုံးများပြူးသွားရသည်။ထိုနောက် မနေနိုင်၊မထိုင်နိုင် နှုတ်ကယိုဖိတ်ကျလာသည့်စကား...

🎻Violin🎻 {တယော} ☘ Completed ☘حيث تعيش القصص. اكتشف الآن