အပိုင်း{၂၁}

131 18 4
                                    

Unicode

‌အုပ်စိုင်းနေသော ကောင်ကင်ကြီးတစ်ခွင်တွင် နေရာအပြည့်ယူထားသော တိမ်ပုပ်များက မိုးရွာဖို့ရန် အဆင်သင့်ဖြစ်နေသည်။မန္တလေးမြို့၏ စံအိမ်ကြီးအတွင်းအခန်းတစ်ခန်းလေးမှ Boxအိတ်တစ်လုံးကိုဆွဲကာ ထွက်လာသော ပတ်ခ်ဂျီမင်းမျက်ခွံများသည်လည်း အစ်မို့နေ၏။

ညက တစ်ညလုံးတိတ်တဆိတ်ငိုနေမိသည်။မျက်လုံးလေးကို မှိတ်ပြီးအိပ်မယ်ကြံတိုင်း အမျိုးသားငယ်နဲ့ခွဲရတော့မှာဆိုတဲ့အသိက လုံးဝအိပ်မပျော်ခဲ့။အိပ်ယာထက် ဟိုလှိမ့်ဒီလှိမ့်ဖြင့် တစ်ညလုံးအိပ်မရပဲ အချိန်ကုန်လွန်ခဲ့သည်။မိုးသာလင်းလာတာ ဘယ်လိုလင်းသွားမှန်းသူမသိ။သူသိတာက အမျိုးသားငယ်နဲ့ခွဲရတော့မည်ဆိုတာပင်။

Boxအိတ်ကလေးကို လက်ကကိုင်ကာ စံအိမ်ကြီး၏လူစုံသော ဧည့်ခန်းနေရာသို့ လျှောက်သွားလိုက်သည်။ရယ်သံ၊မောသံများက ကျယ်လောင်နေသည်မှာ ခပ်ဝေးဝေးနေသူများမှာတောင် အရှင်းသားကြားရသည်။မနီးမဝေးလေးက‌နေ လှမ်းကြည့်မိသည့်အခါ မြင်နေရသည့် အမျိုးသားငယ် အပြုံးများက ဟန်ဆောင်မှုကင်းမဲ့စွာ ကြည့်ကောင်းနေသည်။ကြည့်ကောင်းနေသည့် အပြုံးများက သူ့ရင်ကိုနာကျင်စေရပြန်သည်။

သူမဟုတ်သည့် တခြားသူများရှေ့ အားပါးတရရယ်မောနေခြင်းက ရင်ကိုအစိမ်းလိုက်ခွဲလိုက်သလို တဆစ်ဆစ်နှင့်နာကျင်ရပြန်သည်။ထပ်ခါတလဲလဲ နာကျင်ရသည့် ထိုအမျိုးသားငယ်ကို ချစ်မိခြင်းဟာ နာကျင်ရလည်း ကျေနပ်နေတာမို့ ကြိုက်သလောက်နာကျင်ပါစေ သူရဲရဲကြီး ချစ်ရဲသည်။

"ကလေးလေး ဘာရပ်လုပ်နေတာလဲ။လာလေ..."

မမြင်ကွယ်ရာကနေ ရှောင်းကြည့်နေခြင်းကို လှမ်းမြင်ပြီး ခေါ်လာသော အန်တီ့ကြောင့် သူလည်း Boxအိတ်လေးကို ဆွဲကာ ခေါ်ရာသို့သွားလိုက်သည်။လျှောက်လာသည့် တစ်လျှောက်၊ရောက်သွားသည့်တစ်ဆုံး တစ်ချက်ကလေးတောင် လှည့်မကြည့်လာသော နေနိုင်သူကြီးက သူ့ရင်ကို ထပ်ပြီးအစိမ်းလိုက်ခွဲလိုက်ပြန်ပြီ။အမျိုးသားငယ်ဘေးတွင် ကပ်ရပ်ထိုင်နေသော ကေသီနွယ်ဆိုသော အမျိုးသမီးကလည်း လက်ကိုအတင်းတွဲထားသည်မှာ မြင်မကောင်းအောင်ပင်။ပျော်ပါသည်။အမျိုးသားငယ် ပျော်လို့သူလည်းပျော်ပါသည်။

🎻Violin🎻 {တယော} ☘ Completed ☘Où les histoires vivent. Découvrez maintenant