{Unicode}
အပိုင်း - ၄
ထယ်ယောင်း ကုမ္ပဏီကကေန ဂျီမင်းတို့အိမ်ကိုပြန်ရောက်လို့ ကားပေါ်ကဆင်းပြီးတာနဲ့ ခြံထဲကိုဝေ့ဝိုက်ကြည့်လိုက်မိသည်။ အလုပ်ကပြန်လာတိုင်း ခြံထဲတစ်နေရာရာမှာ မြင်ရနေကျ ဂျီမင်းကို ဒီနေ့တော့ ထူးထူးဆန်းဆန်းမမြင်ရသေး။ "အစ်ကို ပြန်လာပြီလား" ဆိုပြီး ကြားနေကျစကားသံလေး မကြားရတော့ စိတ်ထဲက ဟာတာတာနဲ့ရယ်။ ဒီကလေးတော့ လူကို အကျင့်ဖျက်သွားတာပဲ။
"အစ်ကို ပြန်လာပြီလား!"
ရှာလို့မှမဆုံးသေး၊ ချက်ချင်းကြားလိုက်ရတဲ့ ခပ်စူးစူး အသံလေးကြောင့် ထယ်ယောင်းဟိုဟိုသည်သည်ကို ကြည့်လိုက်မိပေမယ့် မြင်ကွင်းထဲ လူနဲ့တူတာက ရှိမနေ။
"ကျွန်တော် အပေါ်မှာဗျ"
"ဟင်"
ဂျီမင်းစကားအတိုင်း အသံလာရာကို လှမ်းကြည့်လိုက်တော့မှ ခြံဝန်းအတွင်းမှာတင်ရှိနေတဲ့ ပင်စည်မြင့်မြင့်နဲ့ ကြီးမားသော ဝက်သစ်ချပင်ကြီးပေါ်ကနေ အော်ပြောနေမှန်း ထယ်ယောင်းသိရသည်။ ဒါ့အပြင် သစ်ပင်ခွကြားတွင် ခိုင်ခံ့စွာဆောက်ထားပုံရသော သစ်လုံးအိမ်ကလေးတစ်လုံးကိုပါ ချစ်စရာကောင်းစွာတွေ့လိုက်ရသည်။ အရင်ကမမြင်မိပါဘူး၊ အခုမှအသစ်ဆောက်လိုက်တာများလား။
"ဂျီမင်း ဘာလုပ်နေတာလဲ"
"အိမ်အသစ်ကို လာကြည့်နေတာလေ"
"မင်းဟာက ခိုင်ရောခိုင်ရဲ့လားကွာ"
"ခိုင်ပါတယ်၊ ခုမှအသစ်ရှိသေးတဲ့ဟာ"
သစ်ပင်ပေါ်က သစ်လုံးအိမ်လေးကိုကြည့်ရင်း ကလေးကလားနဲ့လို့ တွေးလိုက်မိပေမယ့် ချစ်တော့ချစ်စရာလေးပင်။ လူသုံးယောက်လောက် ကောင်းကောင်းဝင်ထိုင်နိုင်မယ့် ဆိုဒ်မျိုး။
"အစ်ကို လာကြည့်ချင်လား"
"ဟင်... တော်ပါပြီ၊ နောက်မှပဲ"
"ပြီးတာပါပဲ"
ပြောပြီးတာနဲ့ သူ့ဟာသူ သစ်လုံးအိမ်လေးပေါ် အလုပ်ရှုပ်နေတဲ့ ဂျီမင်းကိုကြည့်ရင်း အသာပြုံးလျက်သာ ထယ်ယောင်းအတွက်ပေးထားတဲ့ အိမ်လေးဘက်လျှောက်လာခဲ့တော့သည်။
YOU ARE READING
မြည့်နွေ // Vmin //
FanfictionCompleted ကြင်နာသူက စိမ်းကားရက်တော့ ချစ်ခြင်းတွေက ဆွေးမြည့်လေရဲ့...။