အပိုင်း - ၉

197 28 2
                                    

{Unicode}

အပိုင်း - ၉

မနက်​စော​စော​ နာရီသံပတ်သံမြည်လာတာ​ကြောင့် ထယ်​ယောင်းမထချင် ထချင်နဲ့ ထလိုက်ရသည်။ စ​နေ​နေ့ ရုံးပိတ်ရက်ဖြစ်​ပေမယ့် ဂျီမင်းက ကမ်း​ခြေဘက်သွားချင်တယ်ဆိုလို့ သူ့ကိုကတိ​ပေးထားတဲ့အတိုင်း အလိုလိုက်​ပေးရမည်သာ။ အဲ့အ​ကြောင်း​တွေးလိုက်တိုင်း နှလုံးသားက​ လေးလံလာတတ်​​သေးတာမို့ သက်ပြင်းကိုအသာချရင်း လုပ်စရာရှိတာကို လုပ်ရပြန်၏။

"အစ်ကို.. လာပြီလား"

ခြံထဲကခုံတန်းမှာ ဘယ်အချိန်တည်းက ထိုင်စောင့်​နေမှန်းမသိ​သောဂျီမင်းက ထယ်​ယောင်းအိမ်​လေးထဲက ထွက်ထွက်လာချင်းကို လှမ်းနှုတ်ဆက်ပြီး ထယ်​ယောင်းဆီကို လမ်း​လျှောက်လာသည်။ ခပ်ပြုံးပြုံးနဲ့ တက်တက်ကြွကြွ အနား​ရောက်လာတဲ့ကောင်​လေးက အရာရာကိုလည်း မေ့ထားတဲ့ပုံပါပဲ။

"လူတစ်​ယောက်က ဒီ​လောက်ကြည့်​ကောင်းစရာလိုလို့လား"

"ဟင်.."

"အစ်ကိုက အရမ်းကြည့်​ကောင်း​နေတာ​လေ၊ လိုလို့လားလို့"

ဂျီမင်းစကား​ကြောင့် ထယ်​ယောင်းမရယ်ဘဲမ​နေနိုင်​တော့။ ကိုယ့်ကိုယ်ကိုယ် ချောမှန်း​တော့သိ​ပေမယ့် ရုတ်တရက်ကြီး အ​ပြောခံရ​တော့လည်း ရှက်မိသလိုပင်။

"ချီးကျူးတယ်လို့ သ​ဘောထားတာမို့ ကျေးဇူးတင်တယ်​နော်"

"ချီးကျူးတာပဲ​လေ.."

"အဟား... ဟုတ်ပါပြီ"

ထယ်​ယောင်းရယ်လိုက်တဲ့အချိန် ဂျီမင်းက ရုတ်တရက်အနားကပ်လာရင်း ထယ်​ယောင်းရဲ့အင်္ကျီ​ကော်လာ​ကို ပြင်​ပေး​နေတာ​ကြောင့် လူကတစ်ကိုယ်လုံး တောင့်သွားသ​ယောင်ပင်။ ရှေ့တည့်တည့်မှာ မြင်​နေရတဲ့ မျက်နှာနုနု​လေးက ထယ်​ယောင်းနဲ့နီးကပ်လွန်းကာ လှပ​နေပြန်သည်။ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တာမျိုး။

အင်္ကျီ​ကော်လာကိုပဲ အာရုံစိုက်ကာပြင်​နေရင်း သူစိတ်တိုင်းကျသွားတဲ့အခါ နှုတ်ခမ်း​​ထောင့်​လေး​တွေ ကွေးတက်လာတာကိုလည်း အ​နှေးပြကွက်​နဲ့ မြင်​နေရသလို ကြည့်​ကောင်း​နေသည်။ ဒီလိုနဲ့ ဒီ​ကောင်​လေးရဲ့ဆွဲ​ဆောင်မှု​အောက်မှာ မ​ရှောင်နိုင်ဘဲ အရှက်မရှိထပ်ပြီး ရင်​တွေခုန်မိလာတာက​တော့ ထယ်​ယောင်းပါပဲ။

မြည့်​နွေ // Vmin // Where stories live. Discover now