{Unicode}
အပိုင်း - ၇
ထယ်ယောင်းဘက်က ဂျီမင်းကိုသိသိသာသာရှောင်နေမိပြန်သည်။ ကိုယ့်စိတ်ကိုယ်မလုံခြင်းကြောင့် သူ့အနားကပ်ဖို့ရာ မဝံ့ရဲတော့။ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ပြုံးပြရုံလောက်လုပ်ပြီး ရှောင်ထွက်နေမိတာ။
ဂျီမင်းကတော့ သူ့ရဲ့နေ့စဥ်လုပ်နေကျအတိုင်း စာအုပ်ဖတ်လိုက်၊ ပုံဆွဲလိုက်၊ ဓါတ်ပုံလျှောက်ရိုက်လိုက်နဲ့ အဆင်ပြေနေပုံပါပဲ။ တစ်ခါတလေ ထယ်ယောင်းရှိရာ တိုက်အိမ်ပုလေးဘက်ကို လှမ်းငေးနေတတ်တာကိုတော့ ထယ်ယောင်းမသိချင်ယောင်ပဲ ဆောင်ထားလိုက်တော့သည်။ ဒီထက်ပိုပြီး နီးကပ်လာလို့ မဖြစ်တော့ဘူးလို့ထင်တယ်လေ။
အ!
ထယ်ယောင်း ပြတင်းပေါက်ကိုမှီကာ ကော်ဖီတစ်ခွက်သောက်ရင်းနဲ့ လိမ္မော်ခြံဘက်လှမ်းငေးနေတုန်း ပါးပြင်ပေါ်ကိုတည့်တည့်လာမှန်တဲ့ ခဲစသေးသေးလေးကြောင့် အသံထွက်ပြီးတောင် အော်လိုက်မိသည်အထိ။ ဘယ်ကနေဘယ်လို မျက်နှာကိုလာမှန်မှန်းမသိလို့ ဟိုဟိုသည်သည်လိုက်ရှာကြည့်တော့ သစ်လုံးအိမ်ပေါ်က အရိပ်သေးသေးလေးကို တွေ့လိုက်ရသည်။
အကြည့်တွေက ဆုံမှတ်တစ်ခုတည်းမှာ ထပ်တူကျသွားတဲ့အချိန် အဲ့ဒါဟာ ဂျီမင်းပဲလို့ အတည်ပြုနိုင်လိုက်သည်။ သစ်သားအိမ်ပေါ်ကနေ ထယ်ယောင်းကို အနည်းငယ်မျက်မှောင်ကြုတ်ကာ ကြည့်နေတာမို့ သူစိတ်အလိုမကျနေမှန်း တန်းသိလိုက်ပါသည်။ ဘာလဲ ဆိုတဲ့သဘောနဲ့ မေးဆတ်ပြလိုက်တော့လည်း အဲ့ကလေးဟာ ဘာအချက်ပေးချက်မှ ပြန်မပေးဘဲ ချာခနဲလှည့်ထွက်သွားတာကြောင့် ကြောင်တောင်တောင်ဖြစ်သွားသူမှာ ထယ်ယောင်းကိုယ်တိုင်သာ။
ထားလိုက်ပါတော့...။ ထပ်မြင်နေရဦးမှာစိုးလို့ ပြတင်းပေါက်ကိုသာ ပြန်ပိတ်ပြီး အိမ်ထဲလှိမ့်ပိတ်ရင်း အလုပ်တွေသာဖိလုပ်နေမိတော့သည်။ မကြာခင်မှာပဲ ပြတင်းပေါက်တံခါးကနေ ခဲမှန်သံတွေကို ကြားရပြန်သည်။ သေချာပေါက် ဂျီမင်းပဲဆိုတာကို သိနေတာမို့ တကူးတကသွားဖွင့်မနေတော့။ ထယ်ယောင်းက ဘာမှမတုန့်ပြန်တော့တဲ့အခါ ဂျီမင်းဘက်ကလည်း ငြိမ်သွားပါတော့သည်။
YOU ARE READING
မြည့်နွေ // Vmin //
FanfictionCompleted ကြင်နာသူက စိမ်းကားရက်တော့ ချစ်ခြင်းတွေက ဆွေးမြည့်လေရဲ့...။