{Unicode}
အပိုင်း - ၁၀
ထယ်ယောင်းနိုးတော့ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်လျက်သားရှိသေးသည်။ မြန်မြန် ခြေလက်ဆေး၊ မျက်နှာသစ်ပြီး တစ်ဖက်က ဂျီမင်းတို့အိမ်ကိုကူးလာတော့ အိမ်တံခါးမကြီးက လောခ်မချထားတာကြောင့် အလွယ်တကူပင် ဖွင့်ဝင်ကာ ဂျီမင်းအခန်းကို ချက်ချင်းတက်လာလိုက်၏။ မနက် ၄ နာရီခွဲကို သူ့ကိုလာနှိုးဖို့ပြောထားတာကြောင့် ထယ်ယောင်းလည်း အိပ်ချင်တဲ့ကြားက စောစောထပြီး လာနှိုးရခြင်းပင်။
"ဂျီမင်း... ထတော့လေ"
နှိုးနေတာကို နိုးရဲ့သားနဲ့ တမင်မထဘဲနေတဲ့ဂျီမင်းဟာ အိပ်ရာထက်မှာ လူးလွန့်ကာနေသည်။ အဲ့လိုမထဘဲနေနေတာ ၄ နာရီခွဲတည်းက အခု ၅ နာရီထိုးဖို့ ၁၀ မိနစ်သာလိုတော့သည်။ ဂျီမင်းက မျက်လုံးကိုအနည်းငယ်ဖွင့်ပြီး ထယ်ယောင်းဘက်ကိုလှည့်ကြည့်ရင်း လူကိုမြင်မှစောင်ကို ခေါင်းအထိလုံအောင် ဆွဲခြုံလိုက်သေးတာ။ နှိုးခိုင်းတုန်းက နှိုးခိုင်းပြီး ဘာလုပ်တာတုန်း အဲ့ဒါက။
"မင်းမထရင် ကိုယ်သွားပြီနော်"
ထိုသို့ပြောတော့မှ စောင်ကိုခွာချပြီး ချက်ချင်းထထိုင်ကာ လူကိုကြည့်ပြီး ဟီးခနဲရယ်ပြလာ၏။ အိပ်ရာနိုးနိုးချင်းကို ဒီလောက်ချစ်ဖို့ကောင်းတာလား။
"နေပါဦး အစ်ကိုကလည်း၊ စိတ်ချည်းပဲ"
"ကဲ.. ပြောတော်မူ၊ ဒီလောက်အစောကြီး နှိုးခိုင်းရတဲ့အကြောင်းအရင်း"
"နေပါဦး၊ အရမ်းလောတာပဲ။ မျက်နှာတော့ သစ်ပါရစေဦး"
"မြန်မြန်လုပ်"
"ဟုတ်!"
ပြောပြောဆိုဆိုနဲ့ အိပ်ရာထဲက ကုန်းရုန်းထပြီး ရေချိုးခန်းထဲဝင်သွားတဲ့ကောင်လေးဟာ ချစ်စဖွယ်အတိ။ သူ ၁၅ မိနစ်လောက် လုပ်စရာရှိတာလုပ်ပြီး ပြင်ဆင်နေပြီးမှ အဆင်သင့်ဖြစ်သည်။
"အနွေးထည်သေချာဝတ်၊ အပြင်မှာ အေးတယ်"
"ရပါတယ်.."
"နေဦး.."
အခန်းပြင်ထွက်တော့မည်ပြင်တဲ့ ဂျီမင်းကို လက်ကနေ ထယ်ယောင်းပြန်ဆွဲလိုက်ရင်း ရှေ့တည့်တည့်မှာရပ်စေလိုက်သည်။ ဂျီမင်းရုပ်လေးက ထယ်ယောင်းရဲ့ရုတ်တရက်ဆန်တဲ့ အပြုအမူကို နားမလည်တဲ့ပုံ။ ထယ်ယောင်းကတော့ ဂရုစိုက်မနေဘဲ အဝတ်စင်ပေါ်က မာဖလာအညိုလေးကို လှမ်းဆွဲပြီး ဂျီမင်းလည်ပင်းမှာ သေချာပတ်ပေးနေသည်။
YOU ARE READING
မြည့်နွေ // Vmin //
FanfictionCompleted ကြင်နာသူက စိမ်းကားရက်တော့ ချစ်ခြင်းတွေက ဆွေးမြည့်လေရဲ့...။