Part - 6

20K 457 4
                                    

အပိုင်း - ၆
ခွန်းရဲ့နှောင်ကြိုးငယ်🍀

ကိုယ့်မှာတော့ ဘဝမှာတစ်ခါမှမလုပ်ဖူးတဲ့ ပန်ကန်ဆေးတာ ဟင်းနွေးတာ ကဲအခု ဆံပင်Dryer နဲ့မှုတ်တာတွေအထိ ပထမဦးဆုံးဒီခလေးမကိုလုပ်ပေးနေရခြင်းဖြစ်၍အံ့အောမိသည်။ အလုပ်ကိုလဲ ခလေးမအလုပ်သွားမှ သွားဖြစ်ပြီး 4 နာရီထိုးသည်နှင့်ပြန်လာဖြစ်သည့် ခွန်းမှာ အမြဲခလေးမအနားနေချင်အောင် စွမ်းအင်တွေနဲများခွန်းကို ချုပ်နှောင်ထားလေသလားသံသယတောင်ဝင်မိပါသည်။

ထမင်းစားနေသည့်ခွန်းကို လှုပ်စိလှုပ်စိနှင့်ထမင််းတွေဝါးနေသည့်ခလေးမက လိုက်၍ကြည့်နေလေသည်။ ခွန်းကြည့်လိုက်တော့ မျက်နှာလေးလွှဲသွားကာ ထမင်းငုံ့စားနေလေသည်။

"ဒါနဲ့ကိုကြီးက ဘာအလုပ်လုပ်တာလဲဟင်..."

"Engineer ..."

"အော်... အလုပ်မသွားဘူးလား"

"အိမ်မှာနေပြီးပဲအလုပ်လုပ်တာလေ ဘာလဲအလုပ်မရှိဘူးထင်လို့လားကိုယ့်ကို...."

ဟုတ်ပါသည်။ ဖြူငယ်တွေ့တာအမြဲ ဒီမှာပဲရှိနေတာကို အလုပ်သွားတာလဲမတွေ့အလုပ်မရှိဘူးလို့ ထင်တာပေါ့။

"ဒါနဲ့လစာက အများကြီးရတာလား"

"ဘာလို့မေးတာလဲကွ.."

"ဖြူငယ်တို့ထမင်းစားတိုင်း ဟင်းတွေကများကြီးလေ ကိုကြီးပိုက်ဆံမကုန်ဘူးလား "

"ကုန်လဲခဗျားကို မစိုက်ခိုင်းပါဘူးဗျာ ဘာတွေတွေးပူပေးနေတာလဲ.."

"အားနာလို့ဖြူငယ်က ဟီး ဖြူငယ့်ဟင်းကနဲနဲလေးလေ"

"ဒါနဲ့ ကိုယ့်ကို စိတ်ဆိုးနေတာမဟုတ်ဘူးလား..."

"ဘယ်ကသာ ဖြူငယ့်ကိုစိတ်ပူလို့ပြောတာကိုစိတ်ဆိုးစရာလား ဟီးဒါနဲ့ အဲ့တုန်းကမာမီကြီးနဲ့တူတယ်သိလား...."

ရယ်ပြီးပြောနေသည့်ထိုခလေးမကို ထပ်အော်လိုက်ရင်လဲ တဂယ်စိတ်ဆိုးပြီးထမင်းမစားပဲပြန်သွားအုံးမည်။ ဘယ်နှယ့် ဒီ​​လောက်ချောမောသည့် ယောက်ကျားအရင့်မာကြီးကို မာမီတဲ့လေ။ ခင်များလေးကလေ တွေးလိုက်ရင်ဖြင့်လေ။ ပြုံ့တုံ့ပြုံးတုံ့နှင့်ကောင်မလေးက ပန်ကန်ထဲအသားဟင်းမထည့်ပဲ အခြားအမယ်တွေနဲ့သာစားနေလေသည်။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now