အပိုင်း- ၃
ခွန်းရဲ့နှောင်ကြိုးငယ်💛အိမ်မက်ထဲအမြဲလာနေသည့်ထိုခလေးမ ဘာကြောင့်မှန်းမသိစတွေ့ထဲက သူမရဲ့ပုံရိပ်လေးကမျက်လုံးထဲကမထွက်ပေမယ့် စည်သူမေးသည့်အခါက အမှတ် 20 ပဲပေးခဲ့သည်မို့လား။
သူတွဲခဲ့သည့်ကောင်မလေးများလို ပြီးပြည့်စုံပြီး လှနေခြင်းမျိုးမဟုတ်ပေမယ့် ခန္ဓာကိုယ်သေးသေးလေးဖြင့်ဂါဝန်လေးများအမြဲဝတ်သည့်ထိုခလေးမ။
လှသည်ဆိုခြင်းထက် ချစ်စရာကောင်းသည့်မျက်နှာလေးဖြင့်ထိုခလေးမကို အမှတ်ပြည့်ပေးထားသည်ကို ခွန်းတစ်ယောက်သာသိသည်။
ဘဝမှာဒီလောက်အကြည့်မလွှဲနိုင်အောင် ကြည့်ချင်နေသည်မှာလဲ ထိုခလေးမသာဖြစ်ပြီး အမြဲပဲတွေ့ချင်နေပါသည်။
စတွေ့တွေ့ချင်းစကားမပြောချေတတ်သည့်ဖြူငယ်သည် ရင်းနှီးသွားသောအခါအလွန်စကားများပေါတောတောနေတတ်သေးသည်။ခွန်းစေရာဆိုသည့်ထိုကိုကြီးကို ဖြူငယ်ခင်မိပါသည်၊ အကိုအမြဲလိုချင်ခဲ့သည့် ဖြူငယ်အဖို့ အကိုစည်သူဆိုသည်မှာလဲ ကိုယ့်အကိုလိုခင်ရသည်။
ယခုထိုကိုကြီးခွန်းစေရာကိုလဲ ကိုယ့်အကိုလိုခင်သည်။အလုပ်ရှာပေးမယ်ပြောပြီး နောက်နေ့တွင် တိမ်လွှာနှင့်ဖောင်လာယူခိုင်းသည့်ထိုကိုကြီးကို တဂယ်ကျေးဇူးတင်မိသည်။
အလုပ်အဆက်အသွယ်များရှိပါလျှက် ဖြူငယ်တို့မိသားစုကိုလျစ်လျူရှုထားသည့် ဖြူငယ့်အမျိုးများထက်တော့သာပေသည်မို့လား။ဖွင့်လှစ်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည့် Center အတွင်း တွင်ဝယ် ဝန်ထမ်းများသူ့အလုပ်နှင့်သူအလုပ်ရှုပ်နေကြသည်။
သူဌေးလေးရုံးခန်းသို့စက်စံလျှောက်လာခဲ့ရာ ကျယ်ပြန့်သည့်အခန်းအတွင်းဝယ် ကွန်ပျူတာထိုင်နှိပ်နေသည့်သူဌေးလေးသည် ရှည်လျားသည့်ခြေတန်ရှည်များကို ချိတ်လျှက်ထိုင်နေလေသည်။ ရှပ်အင်းကျီအဖြူကိုလက်ဖျံထိခေါက်တင်၍ တည်ကြည်သည့်မျက်နှာမှာ အလွန်ကြည့်ကောင်းနေသည်။ ဒါကြောင့်မိန်းခလေးများတွင်သာမက ယောကျာ်းလေးများပါ ကြိုက်ကြသည်မဟုတ်လား။
BINABASA MO ANG
ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)
Romanceအချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....