အပိုင်း - ၆
ခွန်းရဲ့နှောင်ကြိုးငယ်🍀ကိုယ့်မှာတော့ ဘဝမှာတစ်ခါမှမလုပ်ဖူးတဲ့ ပန်ကန်ဆေးတာ ဟင်းနွေးတာ ကဲအခု ဆံပင်Dryer နဲ့မှုတ်တာတွေအထိ ပထမဦးဆုံးဒီခလေးမကိုလုပ်ပေးနေရခြင်းဖြစ်၍အံ့အောမိသည်။ အလုပ်ကိုလဲ ခလေးမအလုပ်သွားမှ သွားဖြစ်ပြီး 4 နာရီထိုးသည်နှင့်ပြန်လာဖြစ်သည့် ခွန်းမှာ အမြဲခလေးမအနားနေချင်အောင် စွမ်းအင်တွေနဲများခွန်းကို ချုပ်နှောင်ထားလေသလားသံသယတောင်ဝင်မိပါသည်။
ထမင်းစားနေသည့်ခွန်းကို လှုပ်စိလှုပ်စိနှင့်ထမင််းတွေဝါးနေသည့်ခလေးမက လိုက်၍ကြည့်နေလေသည်။ ခွန်းကြည့်လိုက်တော့ မျက်နှာလေးလွှဲသွားကာ ထမင်းငုံ့စားနေလေသည်။
"ဒါနဲ့ကိုကြီးက ဘာအလုပ်လုပ်တာလဲဟင်..."
"Engineer ..."
"အော်... အလုပ်မသွားဘူးလား"
"အိမ်မှာနေပြီးပဲအလုပ်လုပ်တာလေ ဘာလဲအလုပ်မရှိဘူးထင်လို့လားကိုယ့်ကို...."
ဟုတ်ပါသည်။ ဖြူငယ်တွေ့တာအမြဲ ဒီမှာပဲရှိနေတာကို အလုပ်သွားတာလဲမတွေ့အလုပ်မရှိဘူးလို့ ထင်တာပေါ့။
"ဒါနဲ့လစာက အများကြီးရတာလား"
"ဘာလို့မေးတာလဲကွ.."
"ဖြူငယ်တို့ထမင်းစားတိုင်း ဟင်းတွေကများကြီးလေ ကိုကြီးပိုက်ဆံမကုန်ဘူးလား "
"ကုန်လဲခဗျားကို မစိုက်ခိုင်းပါဘူးဗျာ ဘာတွေတွေးပူပေးနေတာလဲ.."
"အားနာလို့ဖြူငယ်က ဟီး ဖြူငယ့်ဟင်းကနဲနဲလေးလေ"
"ဒါနဲ့ ကိုယ့်ကို စိတ်ဆိုးနေတာမဟုတ်ဘူးလား..."
"ဘယ်ကသာ ဖြူငယ့်ကိုစိတ်ပူလို့ပြောတာကိုစိတ်ဆိုးစရာလား ဟီးဒါနဲ့ အဲ့တုန်းကမာမီကြီးနဲ့တူတယ်သိလား...."
ရယ်ပြီးပြောနေသည့်ထိုခလေးမကို ထပ်အော်လိုက်ရင်လဲ တဂယ်စိတ်ဆိုးပြီးထမင်းမစားပဲပြန်သွားအုံးမည်။ ဘယ်နှယ့် ဒီလောက်ချောမောသည့် ယောက်ကျားအရင့်မာကြီးကို မာမီတဲ့လေ။ ခင်များလေးကလေ တွေးလိုက်ရင်ဖြင့်လေ။ ပြုံ့တုံ့ပြုံးတုံ့နှင့်ကောင်မလေးက ပန်ကန်ထဲအသားဟင်းမထည့်ပဲ အခြားအမယ်တွေနဲ့သာစားနေလေသည်။
VOCÊ ESTÁ LENDO
ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)
Romanceအချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....