အပိုင်း - ၅
ခွန်းရဲ့နှောင်ကြိုးငယ်🍀မနက် 8 နာရီထိုးပြီဖြစ်၍ ထမင်းလာမစားသေးသည်ကြောင့် ခလေးမအခန်းဆီ ခွန်းရောက်လာခဲ့သည်။
*ဒေါက် ..ဒေါက် ....*
*ဒေါက် ..ဒေါက်....*
ခဏကြာလျှင် တံခါးလာဖွင့်သည့်ခလေးမ ကာတွန်းဘောင်းဘီနှင့်အင်းကျီ အဝါနုလေးဖြင့်ဖြစ်နေလေသည်။ အိပ်ရာထကာစ စုတ်ဖွာနေသည့်ဆံပင်လေးများ၊ မျက်လုံးများမပွင့်တစ်ပွင့်ဖရိုဖရဲနှင့် ခလေးမလေးကရယ်ချင်စရာပုံလေးဖြစ်နေလေသည်။
"ဟောဗျာ ခုထိအိပ်တုန်းလား "
"အင်း...ညကအိပ်မပျော်လို့"
"မျက်လုံးကဘာဖြစ်တာလဲနေအုံး .."
အလန့်တကြားနှင့် ဖြူငယ့်ပါးပြင်တစ်ခုလုံးကို ကိုင်ထာလေတော့သည်။ထို့နောက် မျက်လုံးများကိုစိုက်ကြည့်နေသည့် ကိုကြီးကစိုးရိမ်တကြီးကြည့်နေလေသည်။ ဖြူငယ့်မှာလဲ ကိုကြီးလုပ်ရက်ကြောင့် အိပ်ချင်နေသည်ကိုပင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားရသည်။
"ဘာဖြစ်လို့တုန်းကိုကြီးရဲ့ ဖြူငယ်ဖြင့်လန့်လိုက်တာ"
"ငယ့် မျက်တောက်မွှေးတွေကျိုးနေတယ်လေဒီမှာ "
"အော် ညကမီးမှိတ်အိပ်တော့ကြောက်လို့ မီးဖွင့်ပြီး မျက်လုံးပေါ်အင်းကျီနဲ့ပိတ်ပြီးအိပ်လိုက်တာ ဖိမိပြီးကျိုးကုန်တာနေမှာ ပြန်ဖြောင့်သွားမှာပြီးရင်"
ရှည်လျားပြီးထူထဲသည့် မျက်တောင်မွှေးလေးများက ခလေးမရဲ့မျက်လုံးလေးလှရခြင်းရဲ့တစ်စိတ်တစ်ဒေသဖြစ်မည်။ခလေးမကိုဒီပုံအတိုင်းဆို ကြာရှည်ထားလို့တော့မရ။ ဘယ့်နှယ့်မျက်တောင်မွှေးလေးကျိုးကြေသည်အထိ ဘယ်လိုများမျက်လုံးပေါ်အုပ်ပြီးအိပ်လိုက်သလဲမသိ။ ဟူး...ဒီခလေးမ သူ့မျက်နှာအလှလဲ သူဂရုမစိုက်ပါလား။
"အင်း ရေသွားချိုးတော့
မနက်စာ စားဖို့စောင့်နေမယ်""ဟုတ်ကဲ့.."
ရေချိုးပြီးချင်းရောက်လာသည့်ခလေးမက ဘာမှမလိမ်းချယ်ထားသည့်မျက်နှာလေးနှင့်။ ပြန်ဖြောင့်သွားပြီဖြစ်တဲ့မျက်တောင်မွှေးရှည်လေးများက ကော့ညွှတ်နေပြီး နီရဲရဲနှုတ်ခမ်းဖူးဖူးလေးကိုကြည့်မိတော့ မြန်လာသည့်နှလုံးခုန်နှုန်းများ။ ကိုယ်သင်းနံ့သင်းသင်းလေးကိုရူရှိုက်မိရာ သိသာလာသည့်ရင်ခုန်နှုန်းများ.. ခွန်းအဖြစ်ကို ဘာမှမသိသည့်ထိုခလေးမက ထည့်ပေးထားသည့်မုန့်ဟင်းခါးကို ငရုတ်သီးအစပ်များဖြင့် တစ်ရှူးရှူးတစ်ရှဲရှဲနှင့်စားနေလေသည်။
YOU ARE READING
ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)
Romanceအချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....