Chapter 41

523 101 1
                                    

Unicode

Ch-41

ညအချိန်အခါသည်တိတ်ဆိတ်ပြီး ကြယ်လေးတွေကမှိတ်တုတ်မှိတ်တုတ်ဖြင့်တောက်ပနေ၏။

မြို့ထဲမှာဆိုဒီလောက်လှပတဲ့ကြယ်တွေကိုမြင်ရခဲသည်။ လမင်းကြီးသည်ဖြူဖွေးနေကာ လေပြည်လေညင်းတို့တိုက်ခတ်လျက်ရှိ၏။ တကယ်ဆိုဒီအခိုက်အတန့်လေးက ငြိမ်သက်လှပနေရမှာ... သို့သော်အခုချိန်မှာတော့ဘယ်သူမှဒီလိုကြယ်တွေစုံနေတဲ့ညကို ထိုင်ပြီးကြည်နူးမနေနိုင်ဘူး။

ယဇ်ပူဇော်ပွဲပြီးတာနဲ့ကျန်းလော့မျက်နှာဖုံးကိုချွတ်လိုက်သည်။ ဒီမျက်နှာဖုံးကသူ့ကိုစိတ်မသက်မသာဖြစ်စေသည်။ ဒီပန်းထိုးထားတဲ့နှုတ်ခမ်းကသေချာပေါက်ပြုံးနေတယ်ဆိုပေမယ့် အသက်မပါသလိုခံစားရပြီး ခပ်တောင့်တောင့်ကြီးနဲ့လုံးဝထူးဆန်းနေတယ်။

မျက်နှာဖုံးကိုအိတ်ကပ်ထဲထိုးထည့်လိုက်ပြီး
ပြိုင်ပွဲဝင်တွေရဲ့တီးတိုးပြောနေသံတွေကို တိတ်တဆိတ်နားထောင်လိုက်၏။

'' မင်းတို့တစ်ခုခုရှာတွေ့ခဲ့လား? ''

'' ဘာမှမတွေ့ဘူး... မင်းရော? ''

'' ငါလည်းမတွေ့ခဲ့ဘူး... ဒါမဲ့ဒီရွာထဲမှာသက်ကြီးရွယ်အိုတွေနည်းနည်းလေးပဲရှိတာကိုသတိထားမိတယ် ''

'' ရွာသူကြီးတောင်မှငါးဆယ်ဝန်းကျင်လောက်ပဲရှိဦးမယ်... အသက်သိပ်မကြီးဘူး ''

ကျေးလက်ဒေသတွေမှာအခုထိလယ်စိုက်ယာလုပ်နေကြတဲ့ အသက်ငါးဆယ်ကနေခြောက်ဆယ်ဝန်းကျင်အထိ သက်ကြီးရွယ်အိုတွေရှိနေကြတုန်းပဲ။ ထို့အတွက်ကျေးလက်ဒေသတွေမှာအသက်ခုနှစ်ဆယ် ရှစ်ဆယ်အထိနေနိုင်ကြတဲ့သက်ကြီးရွယ်အိုတွေအများကြီးရှိကြသည်။ အပန်းဖြေစရာလှုပ်ရှားမှုတွေအများကြီးမရှိသည့်ကျေးလက်တောရွာတွေမှာဆိုရင် အဖိုးကြီးတွေအိမ်ရှေ့မှာခုံလေးတစ်လုံးနဲ့ထိုင်ရင်း နေပူဆာလှုံနေကြတာက တွေ့မြင်ဖူးနေကျအရာပဲ။

သို့ပေမယ့်ရှန်တုရွာမှာတော့သက်ကြီးရွယ်အိုတွေအများကြီးမရှိဘူး။

သူတို့ပြောနေတာကိုကျန်းလော့ခိုးနားထောင်ပြီးသွားတော့ ဆက်နားမထောင်တော့ဘူး။

This Damned Thirst for Survial[Myanmar Translation]Where stories live. Discover now